MPT မှ မြန်မာနိုင်ငံသားများအတွက် ဒီဂျစ်တယ်ပညာရေးဝန်ဆောင်မှုများကို ဆောင်ယူလာ

2-2-2.jpg

MPT က ၎င်း၏အလျင်မြန်ဆုံးနှင့် အကျယ်ပြန့်ဆုံးသော ဆက်သွယ်ရေးကွန်ရက်မှတစ်ဆင့် ဒီဂျစ်တယ် ထပ်ဆောင်း ပညာရေးဝန်ဆောင်မှုများအား စတင်မိတ်ဆက်လိုက်ပြီဖြစ်ပါသည်။ ရွှေနားဆင်အသံစာအုပ်၊ Smart Kids ဝန်ဆောင်မှု၊ M-Learning ဝန်ဆောင်မှုနှင့် တက်လမ်း အွန်လိုင်းပညာရေးဝန်ဆောင်မှု စသည်တို့ပါဝင်နေသော ပညာရေးပလက်ဖောင်းများမှတစ်ဆင့် လူငယ်များထံသို့ မိုဘိုင်းလ်ဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိကာ သုံးစွဲသူများအနေဖြင့်လည်း ပိုမိုကျယ်ပြန့်သည့်ဒီဂျစ်တယ်ပညာရေးပလက်ဖောင်းကို ရယူအသုံးပြုနိုင်ကြမည်ဖြစ်ပါသည်။

ရွှေနားဆင် အသံစာအုပ်ဝန်ဆောင်မှု

ရွှေနားဆင် အသံစာအုပ်ဝန်ဆောင်မှုသည် MPTနှင့် သတင်းနည်းပညာကုမ္ပဏီ Bagan Innovation Technology တို့ ပူးပေါင်းဆောင်ရွက်ထားသည့် ဝန်ဆောင်မှုတစ်ခုဖြစ်ပါသည်။ အဆိုပါဝန်ဆောင်မှုတွင် MPT အသုံးပြုသူများအတွက် သီးသန့်ဖန်တီးထားသည့် အသံစာအုပ်များအား မိုဘိုင်းလ် App မှ သော်လည်းကောင်း၊ http://www.shwenarsin.com မှသော်လည်းကောင်း ဝင်ရောက်နားဆင်နိုင်မည်ဖြစ်ပြီး ဝတ္ထုတိုပေါင်း (၆၅၀) ကျော်နှင့် ဝတ္ထုရှည်ပေါင်း (၃၀) ကျော်ကို နားဆင်နိုင်မည် ဖြစ်သည်။ အဆိုပါစာအုပ်များတွင်၊ ခရီးသွားစာပေ၊ ဘာသာပြန်၊ စီးပွားရေး၊ တိုးတက်ရေး၊ အချစ်၊ ဆောင်းပါး၊ သဲထိတ်ရင်ဖို စသည့်အကြောင်းအရာများစွာ ပါဝင်မည်ဖြစ်ကာ စာဖတ်ဝါသနာပါသူများအနေဖြင့် နှစ်သက်ရာစာအုပ်များကို နားဆင်နိုင်ကြပြီဖြစ်ပါသည်။

အဆိုပါအသံစာအုပ်များကို ရွှေနားဆင် အသံစာအုပ်မိုဘိုင်းလ်အက်ပလီကေးရှင်းတွင် နားဆင်နိုင်သလို http://www.shwenarsin.com မှလည်း နားဆင်နိုင်မည်ဖြစ်ပြီး MPT အသုံးပြုသူများအနေဖြင့် 8536 ကို ON ဟု SMS ပေးပို့ပြီး အသံစာအုပ်အားလုံးကို ဈေးနှုန်းသက်သာသည့်နှုန်းထားဖြစ်သည့် တစ်ရက်လျှင် ၉၉ ကျပ် (အခွန်ပါဝင်ပြီး) ဖြင့် နားဆင်နိုင်မည်ဖြစ်ပါသည်။

Smart Kids ဝန်ဆောင်မှု

MPT က ကလေးငယ်များအတွက် ပညာရေးအသိပညာဗဟုသုတနှင့် ဖျော်ဖြေရေးဆိုင်ရာကဏ္ဍစုံလင်ပါဝင်သည့် အွန်လိုင်းပေါ်တယ်လ်တစ်ခုဖြစ်သော My Smart Kids ဝန်ဆောင်မှုကို ၂၀၁၈ ဒီဇင်ဘာလ (၁၂) ရက်က စတင်မိတ်ဆက်ခဲ့ပြီး အဆိုပါဝန်ဆောင်မှုမှတစ်ဆင့် မိဘများအနေဖြင့် ကလေးငယ်များကို ဦးတည်ထုတ်လုပ်ထားသည့်သတင်းအချက်အလက်များကို လုံခြုံသည့်ရင်းမြစ်များမှရယူနိုင်မည်ဖြစ်သည်။ My Smart Kids မှတစ်ဆင့် ကလေးများနှစ်သက်စေမည့် ပျော်ရွှင်စရာသီချင်းများ၊ ပုံပြင်များ၊ အရောင်အသွေးစုံလင်သောရုပ်ပြများ၊ ရာသီခွင်အကြောင်းအရာများ၊ မှတ်ဉာဏ်စွမ်းရည်အားကောင်းစေမည့် ဉာဏ်စမ်းပဟေဠိများ၊ ကျန်းမာရေးဆိုင်ရာအကြံပြုချက်များနှင့် ပညာရေးဆိုင်ရာ အထွေထွေ ဗဟုသုတများအပါအဝင် မိဘများအနေဖြင့် သားသမီးများအတွက် လုံခြုံဘေးကင်းသော သတင်းအချက်အလက်နှင့် ဗဟုသုတရစေမည့်အစီအစဉ်များကို အသုံးပြုနိုင်မည်ဖြစ်သည်။

MPT အသုံးပြုသူများအနေဖြင့် 8733 သို့ ON ဆိုသည့် စာသားရိုက်နှိပ်ပြီး SMS ပေးပို့စာရင်းသွင်းနိုင်ကာ ဝန်ဆောင်မှုနှုန်းထားမှာ တစ်ရက်လျှင် (၁၅၀) ကျပ် (အခွန်ပါဝင်ပြီး) ကျသင့်မည်ဖြစ်ပါသည်။ ဝင်ရောက်ကြည့်ရှုရန် : www.my-smartkids.com

M-Learning ဝန်ဆောင်မှု

MPT သုံးစွဲသူများအတွက် အင်္ဂလိပ်စာလေ့လာသင်ယူနိုင်စေရန်ရည်ရွယ်ထားသည့် ပညာသင်ကြားရေး Portal M-Learning ကို ၂၀၁၇ ခုနှစ် ဇူလှိုင်လ (၁၇) ရက်က စတင်မိတ်ဆက်ခဲ့ပါသည်။ ဤဝန်ဆောင်မှုတွင် သုံးစွဲသူ၏ အင်္ဂလိပ်စာကျွမ်းကျင်မှုအဆင့် (အခြေခံအဆင့်၊ အလယ်အလတ်နှင့် အဆင့်မြင့်) အပေါ်မူတည်၍ ကဏ္ဍအမျိုးမျိုးခွဲခြားထားသောသင်ခန်းစာမျိုးစုံပါဝင်နေပါသည်။ M-Learning မိုဘိုင်းလ် Portal တွင် ကဏ္ဍခြောက်မျိုးပါဝင်ပြီး နောက်ဆုံးပေါ်ဝေါဟာရများ၊ စကားပြောဆိုမှုနှင့် အပြန်အလှန်ပြောဆိုခြင်းဆိုင်ရာအချက်အလက်များအပြင် အသံထွက်လေ့ကျင့်ရန်အတွက် အကြံပေးချက် အသံနမူနာများလည်းပါဝင်ပါသည်။

MPT အသုံးပြုသူများအနေဖြင့် 8282 သို့ ON ဟု စာသားရိုက်နှိပ်ပြီး SMS ပေးပို့စာရင်းသွင်းနိုင်ကာ ဝန်ဆောင်မှုနှုန်းထားမှာ တစ်ရက်လျှင် (၁၅၈) ကျပ် (အခွန်ပါဝင်ပြီး) ကျသင့်မည်ဖြစ်ပါသည်။ ဝင်ရောက်ကြည့်ရှုရန် : http://engclass.up.st

တက်လမ်းအွန်လိုင်းပညာရေးဝန်ဆောင်မှု

MPT အနေဖြင့် တက်လမ်းအွန်လိုင်းပညာရေးဝန်ဆောင်မှုကို ၂၀၁၉ ဇွန်လ (၅) ရက်တွင် စတင်ခဲ့ပြီး ယနေ့ခေတ်မြန်မာလူငယ်များ ပိုမိုတောက်ပသည့် အနာဂတ်ကိုပိုင်ဆိုင်နိုင်ရန်၊ အရည်အချင်း နှင့်အရည်အသွေးပိုမိုတိုးတက်စေရန်အတွက် အမျိုးအစားစုံလင်သည့် ပညာရေးဆိုင်ရာဗီဒီယိုများနှင့် သင်ခန်းစာများကို သင်ယူလေ့လာနိုင်မည်ဖြစ်သည်။ အဆိုပါ အွန်လိုင်းပညာရေးဝန်ဆောင်မှုမှတစ်ဆင့် မြန်မာလူငယ်၊ ကျောင်းသားကျောင်းသူများသည် သင်ခန်းစာနှင့်ပတ်သက်သည့် သင်ကြားရေး အထောက်အကူပြုနည်းလမ်းများသာမက စာသင်ခန်းပြင်ပမှနေ၍ သိလိုသည်များကို ကိုယ်ပိုင် အချိန်များတွင်ပါ လေ့လာနိုင်မည့် အထွေထွေ အင်္ဂလိပ်၊ စီးပွားရေးသုံး အင်္ဂလိပ်၊ ဈေးကွက်စီမံ ခန့်ခွဲမှု၊ အိုင်တီ၊ ကွန်ပျူတာလေ့လာနည်း၊ ပန်းချီ၊ ဂီတ စသည့်ကဏ္ဍအစုံအလင်ပါဝင်သာ သင်ကြားရေးဗွီဒီယိုများ၊ သင်ခန်းစာများကို နှစ်သက်ရာဘာသာရပ်အလိုက် ရွေးချယ်သင်ယူလေ့လာနိုင်မည်ဖြစ်သည်။

MPT အသုံးပြုသူများအနေဖြင့် 8228 သို့ ON ဟု စာသားရိုက်နှိပ်ပြီး SMS ပေးပို့စာရင်းသွင်းနိုင်ကာ ဝန်ဆောင်မှုနှုန်းထားမှာ တစ်ရက်လျှင် (၁၀၅) ကျပ် (အခွန်ပါဝင်ပြီး) ကျသင့်မည်ဖြစ်ပါသည်။ ဝင်ရောက်ကြည့်ရှုရန် : http://tatlanapp.com or http://tl.lotayamm.com

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top