
ပမာဏများတဲ့ ဘက်ထရီပါဝင်ပြီး အကြမ်းခံတယ်လို့ကို မထင်ရအောင် သုံးစွဲသူတွေကို ညှို့ယူဆွဲဆောင်နေတဲ့ OPPO A6 Series ရဲ့ နောက်ဆုံးပေါ် ထုတ်ကုန်တွေဖြစ်ကြတဲ့ OPPO A6s Pro နဲ့ OPPO A6c တို့ရဲ့ ဒီဇိုင်း
ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းအမှတ်တံဆိပ် OPPO က သိပ်မကြာခင် ဇွန် (၁၀) ရက်နေ့က အကြမ်းခံရုံသာမက ဘက်ထရီပမာဏများများပါသလို ဒီဇိုင်းပိုင်းမှာပါ သုံးစွဲသူတွေနဲ့ Tech Expert တွေရဲ့ မှတ်ချက်ကောင်းတွေရရှိထားတဲ့ OPPO A6s Pro ကို စတင်ဝယ်ယူရရှိနိုင်ကြောင်း ကြေညာခဲ့ပါတယ်။
အဆိုပါ OPPO A6s Pro ကို ဇွန် (၁၀) ရက်နေ့မှ ဇူလိုင် (၃၁) ရက်နေ့အထိ ဝယ်ယူသူတွေအတွက် 5-Years Battery Protection Plan ၊ 180 days Screen Protection Plan နဲ့အတူ ATOM Package တို့ကို လက်ဆောင်အဖြစ်ပေးအပ်သွားမဲ့အပြင် Trade-In စနစ်ကိုပါ စတင်အသက်သွင်းလာခဲ့ပြီဖြစ်ပါတယ်။ iPhone 12 မှ စတင်ကာ iPhone 16 အထိ အပြန်အလှန် Trade-in လုပ်နိုင်မဲ့ အခွင့်အရေးကိုလဲ OPPO A6s Pro ကို စိတ်ဝင်စားတဲ့ သုံးစွဲသူတွေအနေနဲ့ ရရှိပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
ကောင်းမွန်ဆန်းသစ်တဲ့ OPPO A6s Pro အပြင် OPPO A6 Series ရဲ့ အဖွဲ့ဝင် ထုတ်ကုန်အသစ်အဖြစ် OPPO A6c လဲ ထွက်ရှိလာပြီဖြစ်ပြီး လူကြီးရော လူငယ်ပါ မကျန် ကြိုက်နှစ်သက်မဲ့ ဒီဇိုင်းပုံစံနဲ့အတူ ပမာဏများပြားတဲ့ ဘက်ထရီ တို့ပါရှိလာတဲ့ OPPO A6c ကို ၇၂၉,၉၀၀ ကျပ်ဖြင့် ထပ်မံမိတ်ဆက်လာခဲ့ပြီဖြစ်ပါတယ်။
သုံးစွဲသူတွေအတွက် အမြင်ဆန်းစေမဲ့ ဒီဇိုင်းအသွင်အပြင်
OPPO A6 Series ထုတ်ကုန်အသစ်တွေဖြစ်ကြတဲ့ OPPO A6s Pro နဲ့ OPPO A6c တွေဟာဆိုရင် သုံးစွဲသူတွေအတွက် မတူညီတဲ့ ရသတွေကို ပေးစွမ်းနိုင်သလို ဆန်းသစ်တဲ့ အမြင်နဲ့ သွင်ပြင်ကို ပေါင်းစပ်ဖန်တီးထားတာ ဖြစ်ပါတယ်။
OPPO A6s Pro မှာဆိုရင် တောတောင်နဲ့ တောင်တန်းတွေကို 3D ဆန်ဆန် ကြွကြွရွရွနဲ့ လှပဆန်းသစ်အောင်ဖန်တီးထားတဲ့ Lumina Forest ၊ တည်ငြိမ်တဲ့အသွင်အပြင်နဲ့ ခေတ်ရှေ့ပြေးတဲ့ ရောင်ပြေး ပါဝင်တဲ့ Eclipse Blue ဆိုပြီး အရောင် (၂) မျိုးဖြင့် အဓိက ဖန်တီးထားတာဖြစ်ပါတယ်။


OPPO A6 Series ရဲ့ နောက်ဆုံးပေါ် ထုတ်ကုန်နောက်တစ်မျိုးဖြစ်တဲ့ OPPO A6c မှာဆိုရင် သေသပ်လှပပြီး မျက်စိပသာဒဖြစ်စေမဲ့ ကင်မရာ အထားအသိုနဲ့အတူ ငှက်မွှေးပုံစံ အထိအတွေ့ အသွင်အပြင်ကိုပါ ပေါင်းစပ်ထားတဲ့ Feather White ၊ အရောင်အားဖြင့် တည်ငြိမ်ပေမဲ့ ဒီဇိုင်းအနေအထားနဲ့ အသွင်အပြင်က Minimalist ဆန်တဲ့ Stone Brown ဆိုတဲ့ အရောင် (၂) မျိုးနဲ့အတူ ပွဲထွက်လာတာကို သုံးစွဲသူတွေအနေနဲ့ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။


အကြမ်းခံမှုမှာ အထိခိုက်မခံတဲ့ OPPO A6 Series ထုတ်ကုန်အသစ်များ


OPPO A Series ထုတ်ကုန်လို့ ဆိုလိုက်တာနဲ့ သုံးစွဲသူတွေ စိတ်ထဲ ထင်မှတ်စွဲကျန်နေတာကတော့ အကြမ်းခံမှု စံနှုန်းပဲ ဖြစ်ပါတယ်။ OPPO A6s Pro နဲ့ OPPO A6c တို့မှာဆိုရင် အကြမ်းခံမှုရဲ့ ထိပ်တန်းလို့ဆိုရလောက်တဲ့ ရေဒဏ်နဲ့ ဖုန်ဒဏ်တွေကိုပါ ခံနိုင်ရည်ရှိတဲ့ IP Rating အသီးသီးတွေပါ ပါရှိလာတာြဖစ်ပါတယ်။ OPPO A6s Pro မှာဆိုရင် အကြမ်းခံမှုရဲ့ ထိပ်တန်းအဆင့်ဖြစ်သလို ဈေးကွက်ထဲမှာ ထိပ်တန်းအဆင့်အကြမ်းခံနိုင်မှုဖြစ်တဲ့ IP69K Dust & Water Resistance ပါရှိလာတာကြောင့် ရေဒဏ်၊ ဖုန်ဒဏ်တွေကိုသာမက ရေဖိအားသုံးပိုက်တွေနဲ့ ထိုးတဲ့အချိန်မှာတောင် ပျက်စီးယိုယွင်းခြင်း မရှိအောင် ခံနိုင်ရည်ရှိနေမှာဖြစ်ပါတယ်။ OPPO A6c မှာဆိုရင်လဲ IP 64 Dust & Water Resistance ပါရှိတာကြောင့် ဖုန်ဒဏ်တွေကို ခံနိုင်ရည်ရှိရုံသာမက မိုးတွင်းလို ရေစင် ရေစိုတတ်တဲ့ အချိန်တွေမှာလဲ အဆင်ပြေ ချောမွေ့နေစေမှာဖြစ်ပါတယ်။
Flagship အဆင့်ရှိ ခံနိုင်ရည်အားပြင်းထန်တဲ့ ဘက်ထရီတွေ ပါရှိထားတဲ့ OPPO A Series ထုတ်ကုန်အသစ်များ

စမတ်ဖုန်းတစ်လုံးကို ဝယ်ယူတော့မယ်ဆိုရင် ဘက်ထရီကလဲ မေ့ထားလို့ မရတဲ့ အကြောင်းအရာတစ်ခုအဖြစ် သုံးစွဲသူတွေအကြား သတိထားလေ့ရှိကြပါတယ်။ ဒါကြောင့် ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်း အမှတ်တံဆိပ် OPPO က သုံးစွဲသူတွေအတွက် ကြီးမားပြီး ကြာရှည်အသုံးခံသလို နှစ်ရှည်လများအတွက် ကြာရှည်ခံနိုင်ရည်ရှိမဲ့ 7000 mAh ဘက်ထရီ ကို OPPO A6s Pro နဲ့ OPPO A6c ထုတ်ကုန်တွေမှာ ထည့်သွင်းပေးလာပြီဖြစ်ပါတယ်။ အားသွင်းစနစ်အနေနဲ့လဲ သုံးစွဲသူတွေအကြား အားသွင်းမြန်သလို တကယ်ကို ထိရောက် ကောင်းမွန်တိုးတက်တဲ့ နောက်ဆုံးပေါ် အားသွင်းစနစ် နည်းပညာတွေပါရှိတဲ့ OPPO ရဲ့ SUPERVOOC အားသွင်းမြန်စနစ်ကို ထည့်သွင်းထားတာကြောင့် အချိန်တိုအတွင်း အားများများဝင်နိုင်အောင် အားသွင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။
လူကြီးလူငယ်မရွေးအကြိုက်တွေ့စေမဲ့ ကြီးမားကာ ချောမွေ့မြန်ဆန်တဲ့ မျက်နှာပြင်အထိအတွေ့

သုံးစွဲသူတွေအတွက် နေ့စဉ်အလွယ်တကူ မြန်ဆန်စွာ အသုံးပြုနိုင်အောင် 120Hz Ultra Bright Display ကို OPPO A Series ထုတ်ကုန်အသစ်တွေဖြစ်ကြတဲ့ OPPO A6s Pro နဲ့ OPPO A6c မှာ ထည့်သွင်းလာတဲ့အပြင် တကယ်ထိရောက်တဲ့ Splash Touch ပါရှိတာကြောင့် ရေစို၊ ချွေးစို၊ ဆီပေနေရင်တောင် အလွယ်တကူ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါတင်သာမက OPPO A6s Pro မှာဆိုရင် မျက်နှာပြင်အနေနဲ့ ၆.၅၇ လက်မ ၊ OPPO A6C မှာဆိုရင် ၆.၇၅ လက်မ ပါရှိတာကြောင့် သုံးစွဲသူတွေအတွက်နေ့စဉ်နေ့တိုင်းမှာ ကျယ်ပြန့်စွာ အလွယ်တကူအသုံးပြုနိုင်အောင် ထောက်ပံ့ပေးနေမှာဖြစ်ပါတယ်။
ဘက်စုံအသုံးပြုနိုင်အောင် ဖန်တီးထားတဲ့ OPPO A6s Pro မှာဆိုရင် 0.6x Ultra-Wide Selfie Camera ကိုပါ ထည့်သွင်းပေးထားတာကြောင့် ဘဝရဲ့ အမှတ်တရအခိုက်အတန့်တွေကို မြင်ကွင်းကျယ်ကျယ်နဲ့ ဖန်တီးပုံဖော်နိုင်မှာဖြစ်ပါတယ်။
အကြမ်းခံမှုမှာ ကောင်းမွန်တဲ့အပြင် ဘက်စုံသုံးနိုင်အောင် ထောက်ပံ့ပေးထားတဲ့ OPPO A Series ထုတ်ကုန်အသစ်တွေဖြစ်တဲ့ OPPO A6s Pro နဲ့ OPPO A6c တို့အကြောင်းကို အသေးစိတ် သိရှိလိုပါက အထူးသိရှိလိုပါက OPPO Official Facebook Page – http://bit.ly/45Q2UQz ၊ Website –http://bit.ly/4nwInXy၊ Viber – https://bit.ly/3W6lzCe နဲ့ Telegram – https://bit.ly/3xRjQr6 တို့မှ တစ်ဆင့် လေ့လာကြည်ရှုနိုင်မှာဖြစ်ပါတယ်။
#OPPO #OPPOA6sPro #OPPOA6c
NZ (ရိုးရာလေး)

