ကျန်းမာရေးဝန်ကြီးဌာနက ရွှေကြိုမှာ ပြည်သူတွေကို ထိတ်လန့်စေခဲ့တဲ့ COVID 19 သရုပ်ပြမှုကို ကန့်ကွက်တယ်လို့ ဆို

23-3-2020-yyl-015.jpg

ပြီးခဲ့တဲ့ မတ်လ (၂၁) ရက်နေ့က အကယ်ဒမီရွှေကြိုမောင်မယ်ရွေးချယ်ပွဲ (Grand Final) ကို တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ပါတယ်။ အဲဒီရွေးချယ်ပွဲမှာ COVID 19 နဲ့ပတ်သက်တဲ့ သရုပ်ပြမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ကောင်လေးတစ်ယောက်ဟာ ထိုင်းကပြန်လာတဲ့အစ်ကိုဆီကနေ COVID 19 ကူးစက်ခံလိုက်ရတဲ့ ပြကွက်တစ်ခုဖြစ်ပါတယ်။ အဲဒီသရုပ်ပြမှုက တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေတဲ့ ပြည်သူတွေ၊ ပွဲလာပရိသတ်တွေနဲ့ ဒိုင်လူကြီးတွေကို အထိတ်တလန့်ဖြစ်သွားစေခဲ့ပါတယ်။ ပြည်သူတွေကို အထိတ်တလန့် ဖြစ်သွားစေခဲ့တာကြောင့် အဲဒီသရုပ်ပြမှုကို လူမှုကွန်ယက်အကောင့်မှာ ပြစ်တင်ဝေဖန်ရှုံချမှုတွေရှိခဲ့ပါတယ်။

အဲဒီသရုပ်ပြမှုကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက အဲဒီသရုပ်ပြမှုကို သိလိုက်ရကြောင်း၊ ဒါက ဘယ်လိုမှ မလုပ်သင့်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန အနေနဲ့ တော့ လုံးဝကို ကန့်ကွက်ကြောင်း၊ အခုချိန်က အသက်တွေနဲ့ရင်းပြီးတော့ သူတို့အနေနဲ့ ဆောင်ရွက်နေကြရပြီး အိမ်နီးချင်းနိုင်ငံ အပါအဝင် နိုင်ငံတော်တော် များများမှာ ဖြစ်နေပါတယ်။ မဖြစ် သေးတဲ့ နိုင်ငံဆိုလို့ရှိရင် ဆယ်ဂဏန်း ကျော်ကျော်ပဲ ရှိနေကြောင်း၊ အဲဒီအချိန်မှာ မိမိရဲ့ ပရိုဂရမ် လူကြည့်များရေး၊ မိမိ ရဲ့ လုပ်ငန်းကို လူ စိတ်ဝင်စားရေး ဒါမျိုးကို ဦးတည်ပြီးလုပ်တဲ့အခါကျရင် ဒီလိုမလုပ် သင့် မလုပ်ထိုက်တာတွေကို လုပ်တာကို သူ့အမြင်အနေနဲ့ ကတော့ လုံးဝကို ကန့်ကွက်ကြောင်း၊ ဒါမျိုးကတော့ မဖြစ်သင့်ကြောင်း ပြောပါတယ်။

မြန်မာ့ရုပ်ရှင် အစည်းအရုံးရဲ့ယာယီဥက္ကဌ ဦးညီညီထွန်းလွင်ကလည်း အဲဒီသရုပ်ပြမှုကို ကျန်းမာရေးနဲ့ပတ်သက်ပြီး အသိပညာပေးချင်တာဖြစ်ကြောင်း၊ ဒီသရုပ်ပြမှုထဲကနေ လဲကျသွားရင် ပြည်သူတွေသတိထား ဆင်ခြင်စေချင်တာဖြစ်ကြောင်း၊ အနုပညာသမားပီပီ သဘာဝကျအောင် လုပ်လိုက်တာဖြစ်ကြောင်း ပြောထားပါတယ်။

အဲဒီသရုပ်ပြမှုကို ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်) က COVID 19 နဲ့ ပတ်သက်ပြီး ပြည်သူတွေသတိထားပြီး နေထိုင်နေအောင်၊ အသိပညာပေးတဲ့သဘောအနေနဲ့ တင်ဆက်ခဲ့တာဖြစ်ပါတယ်။ ဒါရိုက်တာမောင်မျိုးမင်းက အသိပညာပေးပုံကို ရွှေကြိုမောင်မယ်တွေနဲ့အတူ ပီပြင်အောင် ဖန်တီးခဲ့တဲ့အတွက် ပြည်သူတွေအထိတ်တလန့် ဖြစ်သွားခဲ့ရတာဖြစ်ပါတယ်။ အခုထိ လူမှုကွန်ယက်အကောင့်မှာ ဒီသရုပ်ပြမှုနဲ့ပတ်သက်ပြီး ပြစ်တင်ဝေဖန်ပြောဆိုမှုတွေ ရှိနေတုန်းပါပဲ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top