Jawan နဲ့ Pathaan ဇာတ်ကားတွေ အောင်မြင်ပြီးနောက် အသက်အန္တရာယ်ခြိမ်းခြောက်စာလက်ခံရရှိခဲ့တဲ့ ရှရွတ်ခန်း

10.10.23-yyl-9.jpg

နာမည်ကျော်ဘောလိဝုဒ်မင်းသား ရှရွတ်ခန်းဟာ သူ့ရဲ့ Pathaan နဲ့ Jawan ရုပ်ရှင်ကားအသစ်တွေ အောင်မြင်မှုရရှိခဲ့ပြီးတဲ့နောက်မှာ အသက်အန္တရာယ်ခြိမ်းခြောက်စာလက်ခံရရှိလို့ မွမ်ဘိုင်းရဲတပ်ဖွဲ့ကို အကြောင်းကြားထားရပါတယ်။ အဲဒီနောက်မှာ ရှရွတ်ခန်းအတွက် လုံခြုံရေးကို တိုးမြှင့်ထားရပါတယ်။ အခုဆို သူ့ကို ကွန်မန်ဒို (၁) ဦး (သို့) နှစ်ဦးအပါအဝင် လုံခြုံရေးအမှုထမ်း (၁၁) ဦးရှိမယ့် Y+ အမျိုးအစားလုံခြုံရေးပေးသွားမှာပါ။

ဘောလိဝုဒ်မင်းသား ဆယ်လ်မန်ခန်းကလည်း ပြီးခဲ့တဲ့နှစ်က လော့ရန် ဘစ်ချ်နွိုင်းဂိုဏ်းရဲ့အသက်အန္တရာယ်ခြိမ်းခြောက်မှုကြောင့် ဒီလုံခြုံရေးအမျိုးအစားကိုပဲ ယူထားရပါတယ်။ ရှရွတ်ခန်းက အဆင့်မြှင့်ထားတဲ့ လုံခြုံရေးအတွက်လည်း သူကိုယ်တိုင် ပေးဆောင်သွားမယ်လို့ သတင်းထွက်ရှိထားပါတယ်။ သူက နိုင်ငံတော်အစိုးရကို ပေးသွားမှာပါ။ အသက်အန္တရာယ်ခြိမ်းခြောက်မှုကို ဘယ်သူက လုပ်ခဲ့တယ်ဆိုတာကို မသိရသေးပါဘူး။

Ref: Shah Rukh Khan receives death threats after Jawan and Pathaan’s success

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top