AI က ဒီဇိုင်းဆွဲပေးတဲ့ အနာဂတ်မိုးမျှော်တိုက်

28.4.2023-yyl-iamge-4.jpg

AI နဲ့ ဓာတ်ပုံဆွဲတဲ့ နည်းပညာ ခေတ်စားလာချိန်မှာ အိန္ဒိယဗိသုကာပညာရှင် မာနက်ဘာတီယာက Midjourney ဆော့ဖ်ဝဲသုံးပြီး အနာဂတ်မြို့တော်တွေမှာ မြင်ရနိုင်တဲ့ အဆောက်အအုံပုံစံတွေကို ဒီဇိုင်းဆွဲခိုင်းခဲ့တာပါ။

Utopian Technology ၊ Futuristic Towers ဆိုတဲ့ စာသား (prompt)နဲ့ AI ကို ဒီဇိုင်းဆွဲခိုင်းရာမှာ ထွက်ပေါ်လာတဲ့ပုံကတော့ ဒေါင်လိုက်သစ်တောပုံစံ မိုးမျှော်တိုက်ပါပဲ။ ဘာတီယာကတော့ သူ့ရဲ့စီမံကိန်းကို AI x Future Cities လို့ အမည်ပေးထားပါတယ်။ Midjourney ဆော့ဖ်ဝဲဟာ အခုနောက်ပိုင်းမှာတော့ အခမဲ့သုံးခွင့်မရတော့ပါဘူး။

မြန်မာလူငယ်တွေကြားမှာလည်း Midjourney ဆော့ဖ်ဝဲအပြင် Leonardo.ai ဆော့ဖ်ဝဲလည်း အသုံးများတာ တွေ့ရပါတယ်။

Ref: When Architect Asks AI to Design Futuristic Skyscrapers It Proposed a Vertical Forest

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top