မန်ယူအသင်းနဲ့ ၂၀၂၀ အထိ စာချုပ်သက်တမ်းတိုးလိုက်တဲ့ နည်းပြမော်ရင်ဟို

9-7-2020-yyl-023.jpg

မန်ယူနည်းပြမော်ရင်ဟို ဟာ အသင်းမှာ အနည်းဆုံး ၂၀၂၀ ခုနှစ် အထိ ဆက်ရှိစေမယ့် သက်တမ်းတိုးစာချုပ်သစ် တစ်ရပ်တိုးမြှင့်ချုပ်ဆိုလိုက်ပါတယ်။

နည်းပြမော်ရင်ဟိုဟာ ၂၀၁၆ ခုနှစ်က နည်းပြဗန်ဟားလ် နေရာကိုလွဲပြောင်းရယူခဲ့ပြီး မန်ယူနဲ့ သုံးနှစ်စာချုပ် လက်မှတ်ရေးထိုးခဲ့သူဖြစ်ပါတယ်။ စာချုပ်ဟောင်းပါ စည်းကမ်းအတိုင်း နည်းပြ မော်ရင်ဟိုကို မန်ယူဘက်မှ နောက်ထပ် ၁၂ လ သက်တမ်းတိုးခဲ့တာဖြစ်ပါတယ်၊ ပေါ်တူဂီနိုင်ငံသား နည်းပြမော်ရင်ဟိုဟာ ၂၀၁၆-၁၇ ဘောလုံးရာသီအတွင်း မန်ယူအသင်းကို ယူရိုပါလိဂ်ချန်ပီယံဆု၊ လိဂ်ဖလားချန်ပီယံဆု နဲ့ ကွန်မြူနတီဒိုင်းရအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပြီး လက်ရှိရာသီမှာလည်း မန်စီးတီးနောက် ဒုတိယနေရာ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးထားပါတယ်။

နည်းပြမော်ရင်ဟိုက ” မန်ယူနည်းပြဖြစ်ရတာကို အမှန်တကယ်ဂုဏ်ယူပါတယ်။ ကျွန်တော်ရဲ့ အလုပ်ကြိုးစားမှုတွေအပေါ် အသိအမှတ်ပြုတာနဲ့ပတ်သက်လို့ အသင်းပိုင်ရှင်၊ အသင်းအမှုဆောင်အရာရှိချုပ် ဝုဒ်ဝက်ဒ်တို့ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်ဟာ မန်ယူလို ဂရိတ်အသင်းရဲ့အနာဂတ်အတွက် သင့်တော်တဲ့ နည်းပြဖြစ်တယ်ဆိုတာ ကို ယုံကြည်ခံရလို့ ဝမ်းသာပျော်ရွင်ပါတယ်။ ကျွန်တော်တို့ဟာ တစ်ရာသီတည်း ဖလားသုံးလုံးဆွတ်ခူးနိုင်ဖို့ ရည်မှန်းထားပါတယ်။ မန်ယူအတွက်အနာဂတ်မှာအောင်မြင်မှုတွေရယူနိုင်ဖို့ ကောင်းမွန်တဲ့အခြေနေတွေကိုဖန်တီးသွားမှာဖြစ်ပါတယ်။ ဒါအပြင်အသင်းမှာရှိတဲ့ ဝန်ထမ်းတွေ၊ ကစားသမားတွေကိုလည်းကျေးဇူးတင်ပါတယ်။ သူတို့ရဲ့ စွမ်းရည်တွေမရှိဘူးဆိုရင် အခုလိုမျိုး စာချုပ်သစ် ချုပ်စေနိုင်မယ့် အောင်မြင်မှုတွေရမှာမဟုတ်ပါဘူး။ အသင်းမှာနောက်ထပ် အနည်းဆုံး သုံးနှစ်လောက်အတူတကွ ဆက်ရှိမှာဖြစ်လို့ ကျေနပ်ပျော်ရွင်ရပါတယ်။ ” လို့ပြောခဲ့ပါတယ်။


Ref: ESPN FC : Jose Mourinho signs Man United contract extension to 2020, plus year option


ကောင်းထက်ငွေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top