မိုခါမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများရှိခဲ့သည့် ရခိုင်ပြည်သူများအတွက် အဓိကလိုအပ်နေသည်များကို အူရီဒူးမြန်မာမှ ဆက်လက်ကူညီပံ့ပိုးပေးလျက်ရှိ

29.5.2023-yyl-5.jpg

ရခိုင်ပြည်နယ်သို့ ဆိုင်ကလုန်းမိုခါ ပြင်းထန်စွာ စတင်ဝင်ရောက်တိုက်ခတ်ခဲ့သည့်အချိန်မှစပြီး အူရီဒူးမြန်မာမှ အများပြည်သူဆက်သွယ်ရေးအဆင်ပြေစေရန် အလေးထားကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသလို မိုခါမုန်တိုင်းဒဏ်ခံစားခဲ့ရသည့် ပြည်သူများအတွက် အရေးပေါ်လိုအပ်နေသည့် ကူညီပံ့ပိုးမှုများကို အချိန်နှင့် တစ်ပြေးညီ ထိရောက်စွာ ပေးအပ်လျက်ရှိပါသည်။

မုန်တိုင်းဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွားပြီးကာလအတွင်း တစ်ဦးနှင့် တစ်ဦး အဆက်အသွယ် မပြတ်ရှိနေရေးမှာ အရေးကြီးသည့်အတွက် အူရီဒူးမြန်မာမှ လိုအပ်သည့် လုပ်ဆောင်ချက်များကို လျှင်မြန်စွာ လုပ်ဆောင်ပေးခဲ့ပါသည်။ အူရီဒူးကွန်ရက်နည်းပညာဆိုင်ရာအင်နီယာများမှ ဆက်သွယ်ရေးပြတ်‌တောက်မှု မရှိစေရအောင် ကွန်ရက်ပြန်လည်ပြင်ဆင်ရေးများ ချက်ခြင်းလုပ်ဆောင်ခဲ့ရာ ပြည်နယ်တစ်ခုလုံး အတိုင်းအတာဖြင့် ၉၀% ပြန်လည်ကောင်းမွန်လာပြီဖြစ်ပြီး ၁၀၀% ကောင်းမွန်လာအောင် အမြန်ဆုံး ပြင်ဆင်ဆောင်ရွက်လျက်ရှိပါသည်။

ရခိုင်ပြည်နယ်အတွင်း အများပြည်သူဆက်သွယ်ရေးအဆင်ပြေအောင် အူရီဒူးအချင်းချင်း အခမဲ့ အကန့်အသတ်မရှိ ဖုန်းခေါ်ဆိုခွင့်၊ မက်ဆေ့ချ်ပို့ခွင့်နှင့် 5GB ဒေတာတို့ကို မေလ ၃၁ ရက်အထိ ပေးအပ်ထားပြီး ကူညီကယ်ဆယ်‌ရေးအဖွဲ့များ အလွယ်တကူ အဆက်အသွယ်မပြတ် ချိတ်ဆက်နိုင်ရန် ဆင်းကတ်များအား လှူဒါန်းပေးခဲ့ပါသည်။

ဆိုင်ကလုန်းမိုခါသည် မြန်မာနိုင်ငံတွင် တိုက်ခတ်ခဲ့သည့် အပြင်းထန်ဆုံးမုန်တိုင်းများထဲမှ တစ်ခုဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း ထိခိုက်မှုအများဆုံးဖြစ်ခဲ့ပါသည်။ ရခိုင်ပြည်သူများအနေဖြင့် မိမိတို့၏ နေအိမ်များမှထွက်ခွာပြီး စာသင်ကျောင်းများနှင့် ဘုန်းကြီးကျောင်းများတွင် ခိုလှုံခဲ့ရရာ အစားအသောက်နှင့် ကျန်းမာရေးအတွက် လိုအပ်ချက်များစွာရှိခဲ့ပါသည် ။ ပံ့ပိုးမှုလိုအပ်နေသည့် ရခိုင်ပြည်သူများအတွက် အူရီဒူးမြန်မာမှ အရေးပေါ်လိုအပ်နေသည့် အခြေခံစားသောက်ကုန်များနှင့် ဓာတ်ဆားထုပ်များကို ချက်ခြင်းလှူဒါန်းပေးခဲ့ပါသည်။ အချိန်နှင့်တစ်ပြေးညီ ထိရောက်စွာကူညီပေးနိုင်ရန် ရခိုင်လူမှုကူညီကယ်ဆယ်ရေးအသင်းဖြစ်သည့် ရွှေရောင်မေတ္တာ ပရဟိတဖောင်ဒေးရှင်းနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ကနဦးအနေဖြင့် စစ်တွေနှင့် ရသေ့တောင်မြို့နယ်တို့မှ အိမ်ခြေ ၁၅၀၀ စာ ပို့ဆောင်ပေးခဲ့ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top