ထောင်ထဲမှာ မွေးခဲ့တဲ့ ကောင်မလေး ဟားဗတ်တက္ကသိုလ် တက်ခွင့် ရ

30.5.2023-yyl-1.jpg

ထောင်ထဲမှာ မွေးဖွားခဲ့တဲ့ မိန်းကလေးငယ်ဟာ နာမည်ကျော်ဟားဗတ်တက္ကသိုလ်မှာ ပညာသင်ကြားခွင့် ရရှိခဲ့ပါပြီ။ သူ့အမေ မိုနာဟမ်ဘီ ထောင်ကျနေချိန်မှာ ကက်စနာကို မွေးဖွားခဲ့တာဖြစ်ပြီး သူ့အဖေက သူ့ကို ဂါဗီစတန်ကောင်တီ အကျဉ်းထောင်ကနေ သူ့ကို သွားခေါ်ယူကာ တစ်ကိုယ်တော်ဖခင်(single dad)အဖြစ် ပြုစုပျိုးထောင်ခဲ့ရတာပါ။

ကက်စနာရဲ့ ငယ်ဘဝမှာ သူ့အမေဟာ ဘဝတစ်စိတ်တစ်ပိုင်း မဟုတ်ခဲ့ပေမဲ့ သူ့ရဲ့အောင်မြင်မှုက သူ့အမေနဲ့ သက်ဆိုင်တယ်လို့ ကက်စနာက ပြောပါတယ်။ ကက်စနာ မူလတန်းတက်နေချိန်မှာ ရပ်ရွာအကျိုးပြု စီမံကိန်းတစ်ခုကြောင့် သူ့အမေ မိုနာဟမ်ဘီနဲ့ ဆုံတွေ့ခွင့်ရခဲ့တာပါ။ ကျောင်းသား/သူတွေကို ပဲ့ပြင်သွန်သင်ပေးလိုသူတွေအနေနဲ့ တစ်ပတ်ကို တစ်ကြိမ် ကျောင်းသား/သူတွေနဲ့ နေ့လယ်စာ စားခွင့်ပေးတဲ့ စီမံကိန်းဖြစ်ပါတယ်။

” သူ့အကြောင်းရေးထားတဲ့ စာတစ်စောင် ကျွန်မကို ပေးတယ်။ သူ့ရဲ့သူရဲကောင်းက ရိုဆာပါ့ခ်(တက်ကြွလှုပ်ရှားသူ)၊ Dairy Queen ဆိုင်မှာ ရောင်းတဲ့ မက္ကဆီကို တာကိုမုန့်က သူ့အကြိုက်ဆုံး စားစရာပဲ။ သူက စာဖတ်ရတာကြိုက်တယ်ဆိုတဲ့ အကြောင်းတွေ ရေးထားတယ်။ အဲဒီကတည်းက ဒီကလေး ထက်မြက်တယ်လို့ ကျွန်မ တွေးမိခဲ့တာပါ။ သူပေးခဲ့တဲ့ စာကို အခုထိ ကျွန်မ သိမ်းထားပါတယ်” လို့ မိုနာဟမ်ဘီက ဆိုပါတယ်။

အဲဒီတုန်းက မိုနာဟမ်ဘီဟာ ကက်စနာကို အလှပြင်ဆိုင်မှာ ဆံပင်လိုက်ညှပ်ပေးပြီး မျက်မှန်လည်း လိုက်လုပ်ပေးခဲ့ပါတယ်၊ ပြီးတော့ ဟားဗတ်တက္ကသိုလ်ဝင်းထဲကိုလည်း အလည်အပတ် ခေါ်သွားခဲ့ဖူးပါတယ်။

ကက်စနာဟာ အတန်းထဲမှာ အဆင့်(၃) နေရာနဲ့ အောင်မြင်ခဲ့တာကြောင့် ဟားဗက်တက္ကသိုလ်ရဲ့ အိုင်ဗီလိဂ်ကို အပြည့်အဝပညာသင်ဆုနဲ့ တက်ရောက်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ ဟားဗတ်တက္ကသိုလ် တက်ရောက်ခွင့်ရမယ့်အတွက် စိတ်လှုပ်ရှားနေတဲ့ ကက်စနာကတော့ ဥပဒေဘွဲ့ ယူနိုင်အောင် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

Ref: ‘I Was Born In Prison’: Texas Girl Born In Jail Gets Accepted To Harvard

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top