ကျောင်းအုပ်ကြီးရဲ့ပြစ်ဒဏ်က သမိုင်းဝင်ထူးချွန်သူတစ်ဦး မွေးထုတ်ပေးနိုင်ခဲ့

4-7-2022-01.jpg

အတန်းဖော်တွေကို နောက်ပြောင်ကျီစယ်တဲ့ ကျောင်းသားတစ်ယောက်ကို ဒဏ်ပေးတဲ့အနေနဲ့ ကျောင်းအုပ်ဆရာမက မြေအောက်ခန်းထဲ ခေါ်သွားပြီး အမေရိကန်နိုင်ငံရဲ့ အခြေခံဥပဒေစာအုပ်တစ်အုပ်လုံးကို အလွတ်ရတဲ့အထိ ဖတ်ရှုမှတ်သားခိုင်းခဲ့ဖူးပါတယ်။

အဲဒီလို ဒဏ်ပေးခံရတဲ့ ကျောင်းသားလေးကတော့ သာဂွတ်မာရှယ် (Thurgood Marshall)ဖြစ်ပြီး အမေရိကန်နိုင်ငံသမိုင်းတစ်လျှောက် အထက်တရားရုံးချုပ် တရားသူကြီးအဖြစ် ရွေးကောက်တင်မြှောက်ခံရတဲ့ ပထမဆုံး အာဖရိကနွယ်ဖွား အမေရိကန်နိုင်ငံသား ဖြစ်ပါတယ်။

သူဟာ အထက်တရားရုံးချုပ် တရားသူကြီးအဖြစ် ခန့်အပ်မခံရမီက ရှေ့နေတစ်ယောက်ဖြစ်ပြီး နာမည်ကျော်အမှုအများအပြားကို အောင်မြင်စွာ လျှောက်လဲချက်ပေးနိုင်ခဲ့သူပါ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply