စန္ဒသူရိယ နက္ခတ္တဝေဒ ဟောစာတမ်း ( ၃-၇-၂၀၂၂ မှ ၉-၇-၂၀၂၂ ) ရက်နေ့အထိ

baydin3to9-7-2022.jpg

တနင်္ဂနွေ

      တနင်္ဂနွေသားသမီးများအနေဖြင့် ယခုအပါတ်အတွင်း စီးပွားရေးလုပ်ငန်းများအနေဖြင့် စက်ပစ္စည်း၊မော်တော်ယာဉ်၊ စားသောက်ကုန်နှင့် ဆေးဝါးပစ္စည်းထုတ်လုပ်ခြင်း၊ဖြန်ဖြူးခြင်းအတွက် အထူးကောင်းသောအချိန်ဖြစ်သည်။ယခု ၂၀၂၂ ခုနှစ် ၇ လပိုင်းအတွက် လုပ်ငန်း (၂) ခု တစ်ပြိုင်းတည်း လုပ်ကိုင်ရခြင်းရှိနိုင်ပါသည်။ ရေလုပ်ငန်း၊သတ္တုလုပ်ငန်းများအတွက် အခြေအနေမှာ အေးနေတတ်ပါသည်။ ငွေကစားသည့်လုပ်ငန်းများ မကောင်းသေးပါ။ကျန်းမာရေးအနေနှင့် ခါးရိုးအတွင်း အာရုံကြောညတ်နေတတ်သဖြင့် သတိထားပါ။ မတော်တဆ ဖြစ်ခြင်းလည်း အနည်းငယ်သတိထားပါ။ 

အချစ်ရေးကတော့ ချစ်သူ၏ ကစားခြင်းကို ခံရပြီး ကျန်ရစ်ဖြစ်တတ်သည်။ အိမ်ထောင်သည် များလည်း ခွဲခွါခြင်း၊ကွဲကွာခြင်းများရှိသဖြင့် ဒေါသပြိုင်ခြင်း၊မာနပြိုင်ခြင်း မပြုလုပ်သင့်ပါ။

ပညာရေးသမားများ အထူးသဖြင့် ပြည့်ပသို့ သွားရောက်မည့်သူများအတွက် နိုင်ငံခြားဘာသာအပြင် လက်မှု့ပညာတစ်ခုကိုလည်း သင်တန်းတက်သင့်ချိန်ဖြစ်သည်။အစိုးရဝန်ထမ်းများအနေဖြင့် ယခုအပါတ်အတွင်း အထက်လူကြီးကို အကြောင်းပြုပြီး ခရီးထွက်ရပါလိမ့်မည်၊ကောင်းပါသည်။

အကျိူးပေးဂဏန်း – ၂ ။ ၃ ။၇။
ယတြာ – အုန်းသီး (၆) စိတ်ကို ဘုရားတွင်လှူပြီး လိုရာဆုတောင်းပါ။

တနင်္လာ

တနင်္လာသားသမီးများအနေဖြင့် ယခုအပါတ်အတွက် ဆန်၊စပါး၊ကြက်သွန်၊စသည့် လယ်၊ယာထွက်ကုန်ပစ္စည်းများ၊ ရောဘာ၊ရှော်ဖြူ နှင့် သစ်တောထွက်ပစ္စည်းများကို ကုန်သွယ်ခြင်းဖြင့် အမြတ်အစွန်းများရရှိမည့်အချိန်ဖြစ်သည်။ ယခုအချိန်တွင် ငွေကြေးကစားသင့်သော်လည်း ကုန်ပစ္စည်းရောင်း-ဝယ်ခြင်းဖြင့်သားကစားသင့်ပါသည်။ ငွေချေးငှါးခြင်းတော့ မပြုလုပ်သင့်ပါ။ဆောက်လုပ်ရေးလုပ်ငန်းများ အထူးညံ့နေပါသည်။

ကျန်းမာရေးအနေနှင့် ဒူလာနှင့်ဆိုင်သော ရောဂါ၊ မျက်လုံးနှင့်ပါတ်သက်သောရောဂါ၊ အဆိပ်ရှိသောအကောင်ကိုက်ခြင်းများ ရှိတတ်သည်။ အချစ်ရေးသည် ယခုအပါတ်အတွင် များစွာရှုပ်ထွေး သွားတတ်ပါသည်။အိမ်ထောင်သည်များ စီးပွားရေးကိုအခြေခံသော အိမ်ထောင်ရေးအခြေအနေ ရှုပ်ထွေးသွားတတ်ပြီး မိမိအိမ်ထောင်ဘက်နှင့် ရန်ပေါ်တတ်သည်။

ပညာရေးသမားများ မိမိသင်ယူနေသော ကျောင်း၊တက္ကသိုလ်သို့ တက်ရောက်နိုင်ပြီး အောင်မြင်ပါမည်။ နိုင်ငံဝန်ထမ်းများအနေဖြင့် အထူးသဖြင့် ငွေစာရင်းကိုင်ရသူများ၂၀၂၂ခုနှစ်၊ ၇ လပိုင်း တစ်လလုံး စာရင်းကို အထူးသတိထားရန်ဖြစ်ပါသည်။

အကျိုးပေးဂဏန်း ဝ၊၃၊၆
ယတြာ – ငှက်ကလေးများကို အတတ်နိုင်ဆုံး အစာကြွေးပါ။

အင်္ဂါ

ယခုအပတ်တွင် အင်္ဂါသားသမီးများအနေဖြင့် ကောက်ပဲသီးနှံနှင့်ဆိုင်သောလုပ်ငန်းများ၊ ဆောက်လုပ်ရေး၊ ဆေးပစ္စည်း၊ သံထည်ပစ္စည်းများအတွက် ကံကောင်းသောအချိန်ဖြစ်သည်။ ဘဏ်ချေးငွေရရှိမည်။ပြိုင်ဘက်များကို အနိုင်ရမည့် အချိန်ဖြစ်သည်။ ခရီးသွားလုပ်ငန်းများသတိထားပါ။ ယခုအချိန်တွင် စပ်တူလုပ်ကိုင်ပါက ပြသာနာရှိနိုင်သည်။

ကျန်းမာရေးအနေဖြင့် ဆီးရောဂါ၊ ကျောက်ကပ်၊ ရေဖျင်း ရောဂါများဖြစ်တတ်သည်။ အချစ်ရေးအတွက် မိမိချစ်သူ၏ မိဘဆွေမျိုးများနှင့် သင့်အောင်နေပါ၊ မတော်ရသေးသောဆွေးမျိုးများကြောင့် အချစ်ရေးထိခိုက်တတ်သည်။ အိမ်ထောင်သည်များအနေနှင့်လည်း နှစ်ဘက်မိဘနှင့်တည့်အောင်နေပါ။ ပြည်ပမှ လက်ဆောင်ပစ္စည်းရရှိမည်၊ အိမ်၊ မြေ၊ ကားများလည်း ဒီတစ်ပါတ်အတွင်း အသစ်ဝယ်ယူသင့်သည့်အချိန်ဖြစ်သည်။ အဝင်ကောင်းသည်။

ပညာရေးသမားများ အထူးသဖြင့် သင်္ချာ နှင့် ဓါတုဗေဒ ဘာသာရပ်များနှင့်ဆိုင်သူများ အထူးဦးစားပေး ကျက်မှတ်ရပါလိမ့်မည်။ နိုင်ငံဝန်ထမ်းများ ကံကောင်းပါသည်။

အကျိုးပေးဂဏန်း ၁၊၄၊ဝ
ယတြာ – အင်္ဂါနေ့တွင် နွမ်းပါးသောမိသားစုကို အစားအစာများ လှူပါ။

ဗုဒ္ဓဟူး

ဗုဒ္ဓဟူးသားသမီးတို့အဖို့ ယခုအပတ်အတွင်း စီးပွားရေးနှင့် အလုပ်အကိုင်အပြောင်းအလဲများဖြစ်မည်။ လုပ်ငန်းကြီးလုပ်ကိုင်သူများနှင့် စက်ရုံလုပ်နေသူများအနေဖြင့်လည်း အလုပ်သမားများ အဝင်-အထွက်များမည်၊ လူသစ်များကြောင့် အလုပ်အားနည်းမည်။ လုပ်ငန်းသစ်များ စတင်လုပ်ဆောင်မည်ဆိုပါကကောင်းသောအချိန်ဖြစ်သည်။ ရွှေတူးဖော်ခြင်း၊ မြေယာလုပ်ငန်း၊ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းများ ကောင်းပါသည်။

ကျန်းမာရေးအနေဖြင့် လေဖြတ်ထားသူများ ထပ်ဖြတ်တတ်သဖြင့် အထူးသတိထားပါ၊ ဆီးချို၊ သွေးတိုးအတွက်အစားဆင်ခြင်ပါ။ အချစ်ရေးကတော့ မိမိချစ်သူမှ အဆက်ဖြတ်ထားခြင်းခံရမည်။အိမ်ထောင်ရေး အခြေအနေမှာ ယခင်ကထက် ပိုဆိုးလာမည်၊ သားရေးသမီးရေးများကို အကြောင်းပြုပြီး စိတ်များရမည်။

ပညာရေးသမားများ အနုပညာနှင့်ဆိုင်သော သင်တန်းထပ်တက်ရတတ်သည်။ နိုင်ငံဝန်ထမ်းများ ထက်အောက်ဆက်ဆံရေးကြောင့် စိတ်သောကရောက်စရာ များဖြစ်နေမည်။

ရာဟု။ ။ရာဟုသားသမီးတို့ ယခုတစ်ပါတ်အတွက် ကျန်းမာရေးမှာ အနည်းငယ်ညံ့နေပါမည်။စီးပွားရေးတွင် သစ်လုပ်ငန်းနှင့် ရတနာရောင်းချသူများ ကံကောင်းပါသည်။ အချစ်ရေးမှာလည်း ကံကောင်းပါသည်။

အကျိုးပေးဂဏန်း ၁။၂၊၅၊
ယတြာ – ရွှေချ၍ရသော ဘုရားတွင် ရင်ဘတ်တော်အား ရွှေချပါ။ သောက်တော်ရေလှူပါ။

ကြာသပတေး

ကြာသာပတေးသားသမီးတို့အနေဖြင့် ယခုတစ်ပါတ်အတွင်း စီးပွားရေးလုပ်ငန်းများ အဆင်ပြေမည်။ အထူးသဖြင့် ရွှေလုပ်ငန်း၊ ရတနာလုပ်ငန်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း၊ ကျူရှင်၊ ပညာရေးနှင့်ဆိုင်သော သင်တန်းအမျိုးမျိုးတို့ အကျိုးပေးကောင်းသည့်အချိန်ဖြစ်သည်။ ငွေချေးငှါးခြင်းလုပ်ငန်းအတွက် အလိမ်ခံရမည်၊ ငွေကြေးကြောင့် စိတ်သောကရောက်ရတတ်သည်။ ခရီးသွားလုပ်ငန်းများလည်း ပြသနာတက်တတ်ပြီး ငွေကြေးဆုံးတတ်သည်။ မိမိပိုင်ယာဉ်ကားတို့ သူတပါးကို ငှါးရမ်းပါက ပျက်တတ်သဖြင့် သတိထားပါ။

ကျန်းမာရေးအနေနှင့် ရေနှင့်ဆိုင်သော ရောဂါများဖြစ်မည်၊ အထူးသဖြင့် ဆီးရောဂါဖြစ်မည်။ အချစ်ရေးကတော့ ပူပူနွေးနွေ အဖြေရထားသော ချစ်သူနှင့် အပျော်ခရီးထွက်ရတတ်သည်။ ခရီးသွားရင်းလည်း ချစ်သူရတတ်သည်။ အိမ်ထောင်သည်များ ခရီးသွားရတတ်သည်။ ပညာရေးသမားများ ကျမ်းပြုနေသူများအနေဖြင့် သုတေသနကောင်းရမည်။နိုင်ငံဝန်ထမ်းများ ကံကောင်းပါသည်။

အကျိုးပေးဂဏန်း- ၁၊၂၊၊၉
ယတြာ – ကြာသာပတေးနေ့တွင် ကလေးများအား မုန့်ကြွေးပါ။

သောကြာ

      သောကြာသားသမီးတို့အနေဖြင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များအတွက် ဒီတစ်ပါတ်မှာ စွန့်စား လုပ်ကိုင်းခြင်းများမလုပ်ပါနှင့်။ အခွန်ကိစ္စအပါအဝင် အစိုးရနှင့်ဆိုင်သောကိစ္စရပ်များတွင် အခက်အခဲများရှိ နေတတ်သည်။ မိမိဘက်က ဥပဒေနှင့် အညီဆောင်ရွက်ရန်သာရှိပါသည်။ လုပ်ငန်းများသို့ သက်ဆိုင်ရာမှာ လာရောက်စစ် ဆေးခြင်းများလည်း ရှိတတ်သည်။အထူးသဖြင့် စက်လှေလုပ်ငန်း၊ ငါးလုပ်ငန်း၊ ရေထွက်ပစ္စည်းလုပ်ငန်းများတွင် သတိပြုပါ။ 

ကျန်းမာရေးအနေနှင့် ရေနှင့်ပါတ်သက်သောရောဂါများ၊ ရေနစ်ခြင်းများ ဖြစ်တတ်သည်။ ရေရှင်ဖြစ်သောနေရာများ၊ ပင်လယ်ကမ်းစပ်များတွင် ရေကစားသူများ သတိထားပါ။ အချစ်ရေးတွင် ကံကောင်းပါသည်၊ အလွန်ချစ်စရာကောင်းပြီး မိမိကိုလည်း စစ်မှန်သောအချစ်စစ်ဖြင့် သစ္စာရှိစွာချစ်ခင်မယ့် အလွန်အဖိုးတန်သော ချစ်သူကို ဒီတစ်ပါတ်အတွင်း သင်ပိုင်ဆိုင်ရပါလိမ့်မည်။ ချစ်သူနှင့် ရေရှိသောအရပ်ဒေသများသို့ ခရီးထွက်ရမည်။ အိမ်ထောင်သည်များလည်း ကမ်းခြေသို့ ခရီးသွားရတတ်သည်။ ကား။အိမ်၊ အသစ်ရတတ်သည်။

ပညာရေးသမားများ အလှအပ၊ စက်ချုပ်၊ ပန်းချီ၊ ပန်းပု၊စသည့် အနုပညာ နှင့် ပန်း(၁၀) မျိုးဆိုင်ရာ သင်တန်းများ တက်ရောက်နိုင်ပါသည်။နိုင်ငံဝန်ထမ်းများ ကံကောင်းပါသည်၊ အပျို/လူပျိုဝန်ထမ်းများ တစ်ရုံးတည်ရှိ အလုပ်တူသူနှင့် မေတ္တာမျှတတ်သည်။

အကျိုးပေးဂဏန်း ၆၊၂၊၅
ယတြာ – သောကြာနေ့တွင် နွမ်းပါးသည့်ကလေးတစ်ဦးကို ကျောင်းသုံးပစ္စည်းများ ဝယ်ပေးပါ။

စနေ

ယခုတစ်ပါတ်အတွက် စနေသားသမီးတို့အနေဖြင့် စီးပွားရေးတွင် ပြိုင်ဘက်များကို အောင်နိုင်မည့်ကာလဖြစ်သည်။ သင်္ဘောလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ဟိုတယ်လုပ်ငန်းနှင့် ခရီးသွားဝန်ဆောင်မှု့လုပ်ငန်းများ ကံကောင်းပါသည်။ ဘုရားဖူးခရီးလုပ်ငန်းများလည်း လုပ်ငန်းဖြစ်နိုင်သည်။

စားသောက်ဆိုင်လုပ်ငန်း၊ မုန့်လုပ်ငန်း လုပ်ကိုင်သူများ၊ အရက်ဘီယာဆိုင် လုပ်သူများ လုပ်သူများသတိထားပါ၊မြေ။ယာ ရောင်းဝယ်သူများ စာချုပ်စာတမ်းကိစ္စဖြင့် အတော်လေးစကားပြောရတတ်သဖြင့် စာချုပ်များသတိထားသင့်ပါသည်။

ကျန်းမာရေးအနေဖြင့် ဦးခေါင်းတွင်ထိခိုက်မိတတ်ပါသည်၊နားနှင့် မျက်လုံးများသတိထားပါ၊ အချစ်ရေးတွင် ချစ်သူနှင့် အဆင်မပြေဖြစ်မည်၊ အတိုက်အခံပြောရဆိုရတတ်သည်၊ သူငယ်ချင်းများကြောင့် ဝေးရတတ်သဖြင့် သတိပြုပါ။ အိမ်ထောင်သည်များ ကံကောင်းပြီး ငွေဝင်နေမည်။

ပညာရေးသမားများ မိမိလိုက်နေသော ပညာရေးဆိုင်ရာကိစ္စကို နှစ်ဆကြိုးစားရမည့်အချိန်ဖြစ်သည်၊ စာမေးပွဲများ သတိထားဖြေပါ။ နိုင်ငံဝန်ထမ်းများ အလုပ်များမည်။

အကျိုးပေးဂဏန်း – ၂၊၅၊ဝ

ယတြာ – ရဟန်းတော်တစ်ပါးအား ဆေးပစ္စည်းများလှူပေးပါ။

Team ( ရိုးရာလေး )

KimKaThu
Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top