“တန်းတူညီမျှ မိန်းကလေးတို့ဘဝ” (၉၉) ရက်တာလှုပ်ရှားမှု စတင်

223.jpg

မြန်မာနိုင်ငံမိန်းကလေးတွေအတွက် “တန်းတူညီမျှ မိန်းကလေးတို့ဘဝ” (၉၉) ရက်တာလှုပ်ရှားမှုကို အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ဖြစ်တဲ့ သြဂုတ် (၁၂) ရက်ကနေ ကုလသမဂ္ဂ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်းနေ့ဖြစ်တဲ့ နိုဝင်ဘာ (၂၀) ရက်အထိဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုကို Plan International က ဦးဆောင်ပြုလုပ်တာဖြစ်ပြီး အခုလိုပြုလုပ်ရခြင်းက မိန်းကလေးတွေအတွက် ညီမျှတဲ့တာဝန်ယူဆုံးဖြတ်နိုင်ခွင့်၊ ညီမျှတေဲ့လွတ်လပ်မှုနဲ့ လုံခြုံမှု၊ ညီမျှတေဲ့ကိုယ်စားပြုခွင့်နဲ့ ခေါင်းဆောင်နိုင်ခွင့်တွေ ရရှိလာစေဖို့ ပဲဖြစ်ပါတယ်။

”ဒီလှုပ်ရှားမှုမှာ လူတိုင်းပါဝင်လို့ရပါတယ်။ အထူးသဖြင့် မိန်းကလေးတွေကိုကိုယ်စားပြုတာပါ။ ဒါပေမဲ့ ယောကျာ်းလေးတွေကိုလည်း အများကြီးဖိတ်ခေါ်ပါတယ်။ သူတို့ပါဝင်မှသာ မိန်းကလေးတွေမျှော်လင့်တဲ့ ပန်းတိုင်ကိုရမှာဖြစ်ပါတယ်”လို့ Plan International က ကျား မရေးရာအကြံပေးအရာရှိ မဖြူကြည်ခိုင်က ပြောပါတယ်။

“တန်းတူညီမျှ မိန်းကလေးတို့ဘဝ” (၉၉) ရက်တာလှုပ်ရှားမှုမှာ ဓာတ်ပုံပြပွဲတွေ၊ ဓာတ်ပုံပြိုင်ပွဲတွေ၊ မိန်းကလေးတွေနဲ့ပတ်သက်တဲ့သင်တန်းတွေ၊ မိန်းကလေးတွေက ခေါင်းဆောင်နေရာ ကို တစ်ရက်တာနေရာယူကြည့်တာမျိုးတွေ၊ လူထုလမ်းလျှောက်ပွဲတွေ၊ ဂျွန်းဘားအကတွေပါတဲ့ စတိတ်ရှိုးတွေပါဝင်မှာဖြစ်ပါတယ်။ အခုလှုပ်ရှားမှုမှာ တေးသံရှင် အိမ့်ချစ်ကို သံတမန်အဖြစ်ခန့်အပ်ထားတာဖြစ်တဲ့အတွက် ဒီလှုပ်ရှားမှုမှာပါဝင်ဖို့ အနုပညာရှင်တွေကို ဖိတ်ခေါ်သွားမှာဖြစ်ပါတယ်။ လှုပ်ရှားမှုစတင်မိတ်ဆက်တဲ့နေ့မှာပဲ အထူးဧည့်သည် အနေနဲ့ သရုပ်ဆောင် ခင်ဝင့်ဝါလည်း ပါဝင်တက်ရောက်ခဲ့ပါတယ်။

”အမျိုးသမီးတွေနောက်ရောက်နေတာက ယဉ်ကျေးမှုကြောင့်လို့ထင်တယ်။ ယဉ်ကျေးမှုဆိုတာကြီးကိုဖယ်ထုတ်ပြီး ရှေ့တိုးစရာမလိုပါဘူး။ ယဉ်ကျေးမှုဆိုတာရှိရမှာပါ။ ဒါပေမဲ့ ယဉ်ကျေးမှုဆိုတာကြီးကို ခေါင်းစဉ်ကိုင်ထားဖို့တော့ မလိုပါဘူး”လို့ အိမ့်ချစ်ကပြောပါတယ်။

Plan International ဟာ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုတွေ၊ ကျန်းမာရေးနဲ့ပတ်သက်တာတွေ၊ လူငယ်တွေအတွက်အလုပ်အကိုင်အခွင့်အလမ်းနဲ့ပတ်သက်တာတွေ၊ အမျိုးသမီးတွေနဲ့ပတ်သက်တာတွေ၊ ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ပတ်သက်တာတွေကို ဆောင်ရွက်နေတဲ့ ပရဟိတအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

KST (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top