ဂရိနိုင်ငံက ကြက်တောင်ပြိုင်ပွဲမှာ ဗိုလ်လုပွဲတက်သွားတဲ့ သက်ထားသူဇာ

68270695_2490355084341062_3531723952206381056_n.jpg

ဂရိနိုင်ငံမှာကျင်းပနေတဲ့ ဟယ်လက်စ်အိုးပင်း (Hellas Open) ကြက်တောင်ပြိုင်ပွဲမှာ မြန်မာ့ဂုဏ်ဆောင် ကြက်တောင်မယ် သက်ထားသူဇာက ဗိုလ်လုပွဲတက်ရောက်သွားခဲ့ပါပြီ။ နိုင်ခြေအဆင့် (၃) သတ်မှတ်ခံထားရတဲ့ သက်ထားသူဇာဟာ ပထမအဆင့်မှာ ဟန်ဂေရီကြက်တောင်မယ် မာဒါရက်ဇ်ကို (၂၁-၁၁၊ ၂၁-၁၃) နဲ့ ၂ ပွဲပြတ် အနိုင်ရခဲ့သလို ဒုတိယအဆင့်မှာလည်း ပိုလန်ကြက်တောင်မယ် ဒက်ဇင်စကာကို (၂၁-၁၁၊ ၂၁-၁၅) နဲ့ ၂ ပွဲပြတ် အနိုင်ရခဲ့ပြန်ပါတယ်။

ကွာတားဖိုင်နယ်မှာ ယူကရိန်းကြက်တောင်မယ် ဗော့ဆက်ကို (၂၁-၁၄၊ ၂၁-၁၉) နဲ့ အနိုင်ယူကျော်ဖြတ်ခဲ့ပြီး ဆီမီးဖိုင်နယ်မှာ ပြင်သစ်ကြက်တောင်မယ် လီယိုနစ်ဟူအဲကို (၁၆-၂၁၊ ၂၁-၁၃၊ ၂၁-၁၇) နဲ့ အနိုင်ရခဲ့ပါတယ်။ ဗိုလ်လုပွဲမှာတော့ မလေးရှားကြက်တောင်မယ် ဆယ်ဗာဒူရေးနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Photo – Thet Htar Thuzar FB Page
Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top