ကိုယ်အလေးချိန် (၁) ပေါင်နဲ့ မွေးဖွားလာပြီး ဆေးရုံမှာ (၁၃၃) ရက် ကုန်ဆုံးခဲ့ရတဲ့ကလေးလေးရဲ့အိမ်ပြန်ခရီး

15-10-2020-yyl-020.jpg

ကိုယ်အလေးချိန် (၁) ပေါင်နဲ့ မွေးဖွားလာခဲ့ပြီး ဆရာဝန်တွေကတောင် အသက်ရှင်ဖို့ အခွင့်အရေးနည်းတယ်လို့ ပြောခဲ့တဲ့ မွေးကင်းစကလေးလေးဟာ အခုဆိုရင် အံ့သြစရာကောင်းလောက်အောင်ပဲ အသက်ဆက်ရှင်နိုင်ခဲ့ပြီး ဆေးရုံကနေ ဆင်းခွင့်ရခဲ့ပါပြီ။ ရက်ဆဲလ် အက်ပိုလက်တ် (Russell Appold) ဆိုတဲ့ အဲဒီကလေးလေးကို သူ့ရဲ့အမေက (၂၂) ပတ်နဲ့ စောမွေးဖွားခဲ့ပြီးတဲ့နောက်မှာ Tulane Lakeside Hospital မှာ ဆေးကုသမှုခံယူခဲ့ပါတယ်။ ရက်ဆဲလ်က အထူးကြပ်မတ်ခန်းမှာ (၁၃၃) ရက်နေခဲ့ရပြီး နောက်ဆုံးတော့ အောက်တိုဘာ ၁ ရက်နေ့မှာ အိမ်ပြန်ခွင့်ရခဲ့ပါတယ်။

ကလေးလေးရဲ့မိခင် နာတာရှာ ဝီလျံ (Natasha Williams) က ရက်ဆဲလ်ကိုရဖို့အတွက် (၃) ကြိမ်ကိုယ်ဝန်ဆောင်ခဲ့ရပါတယ်။ (၃) ကြိမ်လုံး သူ့ကလေးတွေက နှလုံးမခုန်ခဲ့ကြပါဘူး။ ရက်ဆဲလ်ကျရင်လည်း အဲဒီလိုဖြစ်မှာကို နာတာရှာအရမ်းကြောက်ရွံ့ခဲ့ရပါတယ်။ ကိုယ်ဝန် (၁၅) ပတ်မှာ နာတာရှာရဲ့သားအိမ်က ပွင့်လာခဲ့တဲ့အတွက် အရေးပေါ်ခွဲစိပ်ကုသမှုခံယူခဲ့ပြီး ကိုယ်ဝန်ပျက်ကြတာကနေ ရပ်တန့်ဖို့ကြိုးစားခဲ့ရပါတယ်။ ဒါပေမဲ့ မေလ ၂၀ ရက်နေ့မှာ ရေမြွှာပေါက်ပြီး မေလ ၂၂ ရက်နေ့မှာ ရက်ဆဲလ်ကို မဖြစ်မနေ မွေးဖွားလိုက်ရပါတယ်။ အဲဒီအချိန်မှာ ရက်ဆဲလ် အသက်ရှင်နိုင်မယ်မထင်ဘူးလို့ဆရာဝန်တွေက ထင်ထားခဲ့တာပါ။

နာတာရှာနဲ့ သူ့ခင်ပွန်းလောင်းတို့က ရက်ဆဲလ်ကို မေလ ၂၂ ရက်နေ့မှာ တွေ့ခွင့်ရခဲ့ပါတယ်။ နာတာရှာရဲ့မွေးဖွားရက်က စက်တင်ဘာ ၂၂ ရက်နေ့မှပါ။ အဲဒီအခြေအနေမျိုးနဲ့မွေးဖွားလာတဲ့ကလေးတွေက အဆုတ်က အသက်ရှုစက်မပါဘဲနဲ့ ကောင်းကောင်းမလုပ်ဆောင်နိုင်ကြပါဘူး။ ၂၃ ပတ်ထက်နည်းပြီး မွေးဖွားတဲ့ကလေးတွေက အသက်ရှင်နိုင်ဖို့ ရာခိုင်နှုန်းလည်းနည်းပါတယ်လို့ ကလေးအထူးကုဆရာဝန်လီဆာ ဘာဘီရို (Lisa Barbiero) က ပြောပါတယ်။ “ရက်ဆဲလ်ကို ဂရုစိုက်ကုသပေးရတာက ကျွန်မတို့အတွက် အရမ်းကြီးမားတဲ့အတွေ့အကြုံပါပဲ”လို့ လီဆာက ဆိုပါတယ်။

ရက်ဆဲလ်ကို မွေးဖွားပြီးတဲ့နောက်မှာ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက အသက်ရှုပိုက်တွေ တပ်ပေးခဲ့ရပါတယ်။ သူ့ရဲ့ဦးနှောက်မှာ အဝါရောင်သမ်းပြီး သွေးတွေကိုလည်းတွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ လအနည်းငယ်ကြာတော့ ရက်ဆဲလ်လေးက ဒီအခြေအနေတွေကနေ ကျော်လွှားနိုင်ခဲ့ပါတယ်။ အခုဆိုရင် ရက်ဆဲလ်က ပေါင် (၈) ပေါင်ကျော်နေပါပြီ။ ဆေးရုံကလည်း ရက်ဆဲလ်ရဲ့အိမ်ပြန်ခရီးကို လိုက်ပါပို့ဆောင်ပေးခဲ့ကြပါတယ်။

Ref: ABCNews “Baby born at 1 pound heads home after spending 133 days in hospital”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top