အိန္ဒိယနိုင်ငံမှာ မိုးကြိုးပစ်လို့ လူ ၁၀၀ ကျော် သေဆုံး

26-6-2020-yyl-007.jpg

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်နှစ်ခုမှာ မိုးကြိုးပစ်ချမှုတွေ ဖြစ်ပွားခဲ့လို့ အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ လူ ၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။ ဘီဟာပြည်နယ်မှာ လူ ၈၃ ယောက် သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၂၀ ဆေးရုံ တက်ခဲ့ရတယ်လို့ ဘေးအန္တရာယ်စီမံခန့်ခွဲရေးအဖွဲ့က ပြောပါတယ်။ ဘေးချင်းကပ်တည်ရှိတဲ့ ဥတ္တာပရာဒက်ရှ်ပြည်နယ်မှာလည်း အနည်းဆုံး လူ ၂၀ သေဆုံးခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ မုတ်သုံမိုး သည်းသည်းထန်ထန် ရွာတဲ့အခါ မိုးကြိုးပစ်ချတတ်တာ ဖြစ်ရိုးဖြစ်စဉ်ပါပဲ။ မိုးသက်လေပြင်းကျရောက်လို့ နေအိမ်တွေ ထိခိုက်ပျက်စီးပြီး သစ်ပင်ပြိုလဲမှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။ ရာသီဥတုဆိုးရွားမှု ဆက်ကြုံရနိုင်တယ်လို့ ခန့်မှန်းထားတဲ့အတွက် ဒေသခံတွေအနေနဲ့ နိုးနိုးကြားကြားရှိပြီး အိမ်ထဲမှာပဲ နေကြဖို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။

အိန္ဒိယနိုင်ငံမှာ ၂၀၁၈ ခုနှစ်က မိုးကြိုးပစ်ချလို့ လူ ၂၃၀၀ ကျော် သေဆုံးခဲ့တယ်လို့ အမျိုးသားပြစ်မှုမှတ်တမ်းဗျူရိုမှာ ဖော်ပြထားပါတယ်။ ၂၀၀၅ ခုနှစ်နောက်ပိုင်း နှစ်တိုင်းမှာ မိုးကြိုးပစ်လို့ အနည်းဆုံး လူ ၂၀၀၀ သေဆုံးရတယ်လို့ ဆိုပါတယ်။ အိန္ဒိယနိုင်ငံမှာ လူတော်တော်များများက အပြင်ဘက်မှာ အလုပ်လုပ်ရတဲ့အတွက် တခြားနိုင်ငံတွေနဲ့ယှဉ်ရင် မိုးကြိုးပစ်လို့ သေဆုံးသူ ပိုများရတာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်က အိန္ဒိယနိုင်ငံတောင်ပိုင်း အန်ဒရာပရာဒက်ရှ်ပြည်နယ်မှာ ၁၃ နာရီအတွင်း မိုးကြိုး ၃၆၇၄၉ ကြိမ် ပစ်ချခဲ့ဖူးပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top