ဖြတ်ထိုးဉာဏ်ရှိစွာနဲ့ ကျောင်းကားမောင်းသမားနဲ့ အတန်းဖော်တွေရဲ့အသက်ကို ကယ်တင်ပေးခဲ့တဲ့ ၇ တန်း ကျောင်းသားလေး

28.4.2023-yyl-iamge-17.jpg

ဧပြီ ၂၆ ရက်နေ့ကျောင်းဆင်းတဲ့အချိန် ပေါ်လာခဲ့တဲ့ မတော်တဆအဖြစ်အပျက်တစ်ခုအတွင်း ၇ တန်းကျောင်းသားလေးတစ်ယောက်ဟာ ကျောင်းကားမောင်းသမားနဲ့ အတန်းဖော်တွေကို ကယ်တင်ခဲ့တဲ့ လုပ်ရပ်ကြောင့် ချီးကျူးခံနေရပါတယ်။ Lois E. Carter Middle School က ဒီလ်လွန် ရိဗ် ဆိုတဲ့ အဲဒီကျောင်းသားလေးဟာ ကျောင်းကားမှောက်တော့မယ့်အခြေအနေကို တားဆီးနိုင်ခဲ့လို့ပါပဲ။

ဒီလ်လွန်က သူ စီးနေတဲ့ ကျောင်းကားရဲ့ဒရိုင်ဘာက မူးဝေနေတာကို သတိထားမိခဲ့ပြီး ကားရှေ့ခန်းထဲကို ပြေးဆင်းလာခဲ့ပြီး မတော်တဆမှုမဖြစ်အောင် ကားကို ရပ်တန့်နိုင်ခဲ့ပါတယ်။ ကားကို ရပ်တန့်ပေးနေရင်းနဲ့ အတန်းဖော်တွေကို ၉၁၁ ကို ဖုန်းခေါ်ဖို့ အော်ပြောနေတာကိုလည်း ထွက်ရှိလာတဲ့ ဗီဒီယိုမှာ တွေ့ရပါတယ်။ ကားမောင်းသမားဟာ မီချီဂန်ပြည်နယ်က Masonic Boulevard လမ်းတစ်လျှောက် မောင်းလာစဉ် မူးဝေလာပြီး သတိမေ့သွားခဲ့တာဖြစ်တယ်လို့ Lois E. Carter Middle School ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Warren ရဲတပ်ဖွဲ့နဲ့ မီးသတ်ဌာနက ကျောင်းကားမောင်းသမားကို ကယ်တင်ခဲ့တဲ့အပြင် ကျောင်းသား/သူတွေကိုလည်း ဘေးကင်းစွာနဲ့ အခြားဘတ်စ်ကားတစ်ခုပေါ် လွှဲပြောင်းပေးခဲ့ပါတယ်။ “ကျောင်းကားကို ရပ်တန့်အောင် ကူညီပေးခဲ့တဲ့ ကျောင်းသားရဲ့လုပ်ရပ်တွေက အရာအားလုံးကို ကွဲပြားခြားနားသွားစေခဲ့ပါတယ်။ သူ့ရဲ့ကြိုးစားအားထုတ်မှုတွေအတွက် ဂုဏ်ယူမဆုံးဖြစ်ရတယ်”လို့ ကျောင်းရဲ့ကြီးကြပ်ရေးမှူး ရောဘတ် ဒီ လီဗာနွိုင်းစ်က ဆိုပါတယ်။

ဒီဖြစ်ရပ်ဗီဒီယိုကို ကြည့်ရှုရန်

Ref: 7th grader jumps into action to save bus driver and other students

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top