စာရေးသူတို့ နိုင်ငံမှာ တခြားဈေးကွက်တွေ အခြေအနေ ဘယ်လိုပဲဖြစ်ဖြစ် အားကောင်းမြဲ အားကောင်းနေတတ်သည့် ဈေးကွက်တစ်ခုရှိသည်။ ဂျင်းဈေးကွက်ဖြစ်သည်။ စားရသည့် “ချင်း”မဟုတ်၊ ထည့်ရသည့် “ဂျင်း”ဖြစ်၏။ သိမှုနုနယ်သူများကို အခွင့်ကောင်းယူခြင်းဟု အဓိပ္ပါယ်ဖွင့်ဆိုလျှင် သင့်မည်ထင်၏။ ဂျင်းမှာပင် ပေါ်ပင်ဂျင်းနှင့် အမြစ်တွယ်နေသည့်ဂျင်းဟူ၍…