ကမ္ဘာကျော်ဟာသသရုပ်ဆောင် ချာလီချက်ပလင်ရဲ့ ဆိုရိုးစကားတစ်ခွန်းရှိပါတယ်။ ဘဝဆိုတာ အနီးကပ်ကြည့်ရင်ဝမ်းနည်းစရာကောင်းပေမဲ့ အဝေးကကြည့်ရင်တော့ရယ်စရာပါတဲ့။ ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတဲ့ဘဝတစ်လျှောက်မှာ အခက်အခဲတွေ၊ ဒုက္ခတွေ၊ အဆင်မပြေမှုတွေ၊ စိတ်ဓာတ်ကျစရာတွေ ကြုံတွေ့ဖူးကြပါလိမ့်မယ်။ အဲဒီလိုတွေ့ကြုံခံစားရချိန်မှာ ဖြေရှင်းနိုင်ဖို့ ခက်ခက်ခဲခဲရုန်းကန်ရပေမဲ့ အချိန်ကြာလို့ ဒီအဖြစ်တွေကို ပြန်စဉ်းစားကြည့်ရင် ရယ်စရာကောင်းနေတာမျိုး…