အသုံးမဝင်တဲ့သစ်ပင်ကြီးတဲ့လား

51341468_656807318067789_2315838222745206784_n.jpg

တစ်ခါက သူငယ်ချင်းနှစ်ယောက် အတူတူခရီးတစ်ခုထွက်လာခဲ့ရာမှာ ပူပြင်းလှတဲ့ရာသီဥတုကြောင့် ပင်ပန်းနွမ်းလျလို့နေပါတယ်။ ဒီလိုနဲ့တရွေ့ရွေ့ ခရီးဆက်လာကြရင်း တစ်နေရာအရောက်မှာတော့ သစ်ပင်အိုကြီးတစ်ပင်ကို တွေ့လိုက်ရပါတယ်။ သူငယ်ချင်းနှစ်ယောက်လည်း ဝမ်းသာအားရနဲ့ သစ်ပင်ကြီးရဲ့အောက်မှာ ခြေပစ်လက်ပစ်ထိုင်ချလိုက်ပြီး အနားယူလိုက်ပါတယ်။

ဒီလိုနဲ့ သစ်ပင်ကြီးရဲ့ အရိပ်အောက်မှာ လဲလျောင်းအနားယူနေရင်း တစ်ယောက်သောသူငယ်ချင်းက သစ်ပင်ကြီးရဲ့အကိုင်းအလက်တွေကိုကြည့်ပြီး အခုလိုပဲ သူ့ရဲ့သူငယ်ချင်းဖြစ်သူကို ပြောလိုက်ပါတယ်။ “ဒီသစ်ပင်ကြီးကို ကြည့်ပါဦး။ အိုမင်းနေပြီနော်။ ပြီးတော့ စားစရာ ဘာသစ်သီးသစ်ဖုမှလည်း မရှိဘူး။ ပင်စည်ကလွဲပြီး ဘာမှအသုံးမဝင်ဘူး” လို့ပြောလိုက်ပါတယ်။

ဒါကို ကြားသွားတဲ့သစ်ပင်ကြီးက “မိတ်ဆွေတို့ရေ…ကျွန်ပ်ဟာ လူသူအရောက်အပေါက်နည်းတဲ့နေရာဒေသမှာ တစ်ဦးတည်း ရပ်တည်နေရတာပါ။ ဘယ်သူမှလည်း ရေလာမလောင်းပေးသလို ဘယ်သူမှလည်း မြေသြဇာကောင်းကောင်း မကျွေးပါဘူး။ မိတ်ဆွေတို့ပြောသလို ကျွန်ပ်မှာ မိတ်ဆွေတိ့ု အဆာပြေ၊ ရေငတ်ပြေစားသုံးနိင်တဲ့သစ်သီးတွေတော့မရှိပါဘူး။ ဒါပေမဲ့ မိတ်ဆွေတို့ပြောသလို ပင်စည်ကလွဲပြီး အသုံးမဝင်တာတော့မဟုတ်ပါဘူူးဗျာ။ အခု မိတ်ဆွေတို့ခိုနားနေတဲ့အရိပ်အာဝါသက ကျွန်ပ်ဆီကရတာပါ။ ကျွန်ပ်ပေးနိင်တဲ့ အရိပ်အာဝါသက အခုချိန်မှာ မိတ်ဆွေတို့ခရီးဆက်ဖို့အတွက် အလွန်အသုံးဝင်ပါတယ်။ ဒီအတွက်ကြောင့် ကျွန်ပ်ကို ပင်စည်ကလွဲပြီး ဘာမှအသုံးမဝင်ဘူးလို့တော့ မသတ်မှတ်စေချင်ပါဘူး” လို့ စိတ်မကောင်းစွာနဲ့ပြောလိုက်ပါတယ်။

ကျွန်တော်တို့လည်း အလားတူပဲ တစ်ခါတလေ သူငယ်ချင်းအချင်းချင်း ယှဉ်ပြုင်မိ၊ အားကျမိတဲ့အခါ မဆီမဆိုင်မိဘတွေကို အပြစ်တင်ခဲ့မိပါတယ်။ အမေကသာ ချောချောလှလှလေးမွေးလာခဲ့ရင်၊ အသားဖြူဖြူလေးမွေးလာခဲ့ရင်ဆိုပြီး ပြစ်တင်နေခဲ့သလို အဖေသာ သူဌေးကြီးတစ်ယောက်ဖြစ်ပြီး ငါလိုချင်တာမှန်သမျှဝယ်ပေးနိင်မယ်ဆိုရင် ဘယ်လောက်ကောင်းမလဲဆိုပြီး အားမလိုအားမရဖြစ်ခဲ့ဖူးကြပါတယ်။ အမှန်တကယ်က အခုလိုမျိုး ကိုယ်လက်အင်္ဂါစုံစုံနဲ့ လူတန်းစေ့နေနိင်စားနိင်အောင် မိဘနှစ်ပါးရဲ့ ပြုစုစောင့်ရှောက်ပေးခဲ့တာတွေကို မေ့လျော့နေခဲ့လို့ပဲဖြစ်ပါတယ်။ ဒီပုံပြင်လေးကနေ လက်ဆောင်ပေးချင်တဲ့ စကားလေးတစ်ခွန်းကတော့ “လိုချင်တပ်မက်မှုတွေများလာတဲ့အခါ သင်ပိုင်ဆိုင်ထားတဲ့ အကောင်းဆုံးသောအရာတွေကို မေ့လျော့သွားတတ်ပါတယ်။ ဒါကြောင့် ကိုယ်ပိုင်ဆိုင်ထားတဲ့ တန်ဖိုးမဖြတ်နိင်တဲ့အရာတွေကို မမေ့မလျော့ဘဲ အမြဲတမ်းအောက်မေ့သတိရနေသင့်ပါတယ် ”

Ref: “The Travellers and the Plane Tree”
Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top