သင့်အနာဂတ် အတွက် စတင် ရင်းနှီး မြှုပ်နှံမည် ဆိုလျှင်

yyl-002-6.jpg

အနာဂတ် အတွက် စတင် ရင်းနှီး မြှုပ်နှံရန် ရှောင်လွဲ ချက်များ ပေးနေခြင်းမှာ လွယ်ကူလှသည်။ သို့သော် မိမိ ငယ်ရွယ်စဥ် အချိန်တွင် ရှာဖွေ စုဆောင်းမှုများ၊ ရင်းနှီး မြှုပ်နှံမှုများ မပြုလုပ်ခဲ့လျှင် နောက်ပိုင်း အသက်အရွယ် ရလာချိန်များတွင် ခက်ခဲသော နေ့ရက်များ နှင့် ကြုံတွေ့ရတတ်သည်။
ထိုကြောင့် စာဖတ်သူ ညီငယ် ညီမငယ်များ အနာဂတ် အတွက် ရင်းနှီး မြှုပ်နှံရန် အောက်ပါ အချက်များ ဗဟုသုတ ရစေရန် ရေးသားဖော်ပြ ပေးလိုက်ပါသည်။

၁။ ပညာရေးတွင် ရင်းနှီး မြှုပ်နှံပါ

စာဖတ်သူသည် ဘဝတွင် ကောင်းမွန်သော အလုပ်အကိုင်၊ မြင့်မားသော ဝင်ငွေ၊ ပြီးပြည့်စုံသော ဘဝနေထိုင်မှု ပုံစံ တို့ကို ဦးတည်ချက် တစ်ခုအဖြစ် ထားရှိလျှင် ပထမဦးစွာ ပညာရေးတွင် ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ် သင့်သည်။ အလားတူပင် သင့် ကလေးငယ် ၏ ပညာရေးတွင် ရင်းနှီး မြှုပ်နှံခြင်းသည် အကောင်းမွန်ဆုံးသော လက်ဆောင်မွန် တစ်ခုဖြစ်သည်။

၂။ ပတ်ဝန်းကျင် တစ်ခု စတင် တည်ဆောက်ပါ

ကောင်းမွန်သော လူမှုဆက်ဆံရေး ရှိခြင်းသည် အနာဂတ် အတွက် များစွာ အထောက်အကူ ပြုပေသည်။ ချစ်ခင် လေးစားသော မိတ်ဆွေများ ရှိခြင်းကြောင့် ပျော်ရွှင်စရာ အချိန်ကောင်းများ ရှိရုံသာမက၊ မိမိ၏ လုပ်ငန်းခွင်တွင်လည်း ကူညီဖေးမ သူများ ရရှိစေနိုင်သည်။

၃။ ကျန်းမာရေးတွင် ရင်းနှီး မြှုပ်နှံပါ

ငွေကြေး အမြောက်အမြား ရှိသော်လည်း မကျန်းမာလျှင် အေးချမ်း ပျော်ရွှင်မှု မရရှိနိုင်ပေ။ အချို့သော ကျန်းမာရေးအခြေအနေ များမှာ ရှောင်လွဲရန် ခက်ခဲလှသော်လည်း ကျန်းမာစေသော အလေ့အထများ ဖြင့် ငယ်စဥ်ကပင် ဂရုတစိုက် နေထိုင်စားသောက်လျှင် အတန်သင့် ကာကွယ်နိုင်ပေသည်။ သစ်သီးဝလံ နှင့် အသီးအရွက်များ ပုံမှန်စားသုံးပေးခြင်း၊ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးခြင်း တို့ဖြင့် ကျန်းမာကြံ့ခိုင်သော ကိုယ်ခန္တာ ကို ရရှိနိုင်သည်။ ထိုသို့ ကျန်းမာ ကြံ့ခိုင်ခြင်းဖြင့် မိမိသည် အလုပ်များ ပိုလုပ်နိုင်မည်။ ချစ်ခင်ရသော သူများနှင့်လည်း ကျန်းမာ သက်ရှည်စွာ နေထိုင်နိုင်မည် ဖြစ်သည်။

၄။ အိမ်ရာမြေကွက် များတွင် ရင်းနှီး မြှုပ်နှံပါ

အိမ်ရာမြေကွက် များတွင် ရင်းနှီး မြှုပ်နှံခြင်း သည် အကျိုးရှိသော ရေရှည် ရင်းနှီး မြှုပ်နှံခြင်း တစ်ခုဖြစ်သည်။ အိမ်ရာမြေကွက် များတွင် ရင်းနှီး မြှုပ်နှံခြင်း သည် ပိုင်ဆိုင်မှု တစ်ခုဖြစ်လာပြီး ကာလကြာရှည် လာသည် နှင့် အမျှ တန်ဖိုး မြင့်တက်လာရန် ရှိသည်။ ထို့အပြင် အိမ်ရာမြေကွက် များဝယ်ယူကာ ပြန်လည် ဌားရမ်းခြင်း ဖြင့်လည်း အကျိုးအမြတ်များ ရရှိစေနိုင်သည်။
ကျန်းမာ ပျော်ရွှင်သော ဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေ။

မေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top