သင့်ကလေးရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အပြုအမူဆိုးများ

7-7-2020-yyl-015.jpg

မိဘဆိုတာ ကလေးတွေအတွက် စံပြပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ ကလေးတွေဟာ သူတို့ရဲ့ခန္ဓာကိုယ်၊ စွမ်းရည်၊ အရာအားလုံးနီးပါးကို မိဘဆီကနေ သင်ယူကြတာပါ။

ကလေးတွေကို ကျန်းမာတဲ့အလေ့အကျင့်လေးတွေ မွေးမြူပေးဖို့ဆိုတာ ဆုပေး ဒဏ်ပေးစနစ် မလိုအပ်ပါဘူး။ အကောင်းမြင်တဲ့စိတ်ထားပြီး ကျန်းမာစေမဲ့ အပြုအမူလေးတွေနဲ့ ရှေ့ဆောင်လမ်းပြပေးဖို့ လိုပါတယ်။ မိဘတွေက ကောင်းကောင်းပြုမှုနေထိုင်တဲ့အခါ ကလေးတွေကိုလည်း ပျော်ရွှင်စေပြီး ကျန်းမာစေမဲ့နည်းလမ်းကောင်းလေးတွေကို သင်ပေးလိုက်တာနဲ့ တူတူပါပဲ။

ဒါဆိုရင် ဘယ်လိုအမူအကျင့်လေးတွေက ကိုယ့်သားသမီးတွေအတွက် အကောင်းဆုံးဖြစ်မလဲ ကြည့်လိုက်ကြရအောင်…

၁။ ကိုယ့်ကိုယ်ကို ဝေဖန်ခြင်း

ကလေးရှေ့မှာ သင့်ခန္ဓာကိုယ် ပိန်တာ ဝတာ၊ လှတာ မလှတာ ဒီလိုမျိုး အရာတွေနဲ့ ပတ်သတ်ပြီး ကိုယ့်ကိုယ်ကို စိတ်တိုင်းမကျတဲ့ မှတ်ချက်တွေပေးတာ မလုပ်သင့်ပါဘူး။ ဒါဟာ ကလေးတွေကို မှန်ကြည့်တဲ့အခါ အပြစ်ရှာဖို့ သင်ပေးလိုက်သလို ဖြစ်သွားမှာပါ။ အဲဒီအစား သင်လေ့ကျင့်ခန်းလုပ်ပြီး ကျန်းမာစေမယ့်အစာတွေစားလို့ နေလို့ ထိုင်လို့ကောင်းတာလေးတွေ ပြောပြပါ။

၂။ စိတ်ခံစားချက်ကိုလိုက်ပြီး အစာစားခြင်း

ဝမ်းနည်းနေလို့ပဲဖြစ်ဖြစ်၊ စိတ်တိုင်းမကျလို့ပဲဖြစ်ဖြစ် နေသာထိုင်သာရှိအောင် အစားအစာတွေ စိတ်တိုင်းကျ စားပစ်တတ်ကြပါတယ်။ ဒါပေမဲ့ ဒီလိုစားတာဟာ ကလေးတွေအတွက်ကတော့ အစားအစာကို စိတ်တိုင်းကျ စားချင်တိုင်းစားတာ ကောင်းတယ်လို့ ထင်သွားတတ်ကြပါတယ်။ အစာအစာတွေ စားတာထက် သူငယ်ချင်းဒါမှမဟုတ် ရင်းနှီးတဲ့သူကို ရင်ဖွင့်တာမျိုး၊ လမ်းထွက်လျှောက်တာမျိုးက ပိုပြီးခံစားရ သက်သာစေမှာပါ။

၃။ မလိုအပ်တာတွေကို အလေးပေးခြင်း

မိန်းကလေးငယ်တွေ အများစုဟာ အဝတ်အစားလှလှလေးတွေ ဝတ်ရတာ ကြိုက်နှစ်သက်ကြပါတယ်။ အလှအပထက် ကျန်းမာသန်စွမ်းဖို့ လမ်းလျှောက်တာ ဒါမှမဟုတ် အားကစားတစ်မျိုးမျိုးဖြစ်ဖြစ် သင်ကြားပေးပါတယ်။ ဒါမှ လေ့ကျင့်ခန်းလုပ်တယ်ဆိုတာ စိတ်ဖိစီးမှုတွေရဲ့ထွက်ပေါက်တစ်ခုလို့ ခံစားတတ်သွားမှာပါ။ ကိုယ့်ရဲ့သမီးငယ်လေးတွေကို ထက်မြက်တဲ့မိန်းကလေးတွေဖြစ်ကြောင်း ချီးမွမ်းပေးပါ။

၄။ အရာရာကို ယှဉ်ပြိုင်မှုလိုမျိုး ပြုလုပ်ခြင်း

တခြားကလေးတွေ၊ အိမ်နီးနားချင်း၊ အတန်းဖော်တွေ၊ မောင်နှမတွေနဲ့ အမြဲတမ်း မနှိုင်းယှဉ်ပါနဲ့။ အကောင်းဆုံးလုပ်ဖို့ စိတ်ဓာတ်ကို မြှင့်တင်ပေးပါ။ သူ့အတွက် ယုံကြည်မှုကို တိုးမြှင့်ပေးမဲ့လုပ်ဆောင်မှု (activity) တစ်မျိုးမျိုးကို ကူညီပြီး လေ့ကျင့်ပေးပါ။ နေ့တိုင်းကြိုးစားဖို့ လိုအပ်တဲ့အကြောင်းကိုလည်း ပြောပြပေးပါ။

၅။ အမြဲတမ်း ငြင်းခုံခြင်း

သင်နဲ့ သင့်ခင်ပွန်းဟာ အမြဲတမ်း ပုံမှန်လိုလို ငြင်းခုံရန်ဖြစ်နေမယ်ဆိုရင် သားသမီးတွေဟာလည်း ဒီလိုရန်ဖြစ်တတ်တဲ့စိတ်တွေ ကူးစက်သွားပါလိမ့်မယ်။ စိတ်ဖိစီးမှုဆိုတာဟာ ငြင်းခုံရန်ဖြစ်တာရဲ့ အစပါပဲ။ ငြင်းခုံတယ်ဆိုတာ အစပိုင်းတော့ စိတ်ထဲပေါ့သွားပေမဲ့ နောက်ပိုင်းတော်တော် ခံစားရခက်ပါတယ်။ ရန်ဖြစ်လိုက်လို့ ဖြစ်လာတဲ့ စိတ်ဖိစီးမှုတွေဟာ ကလေးတွေအပေါ်မှာ မကောင်းတဲ့ အကျိုးသက်ရောက်မှုကို ဖြစ်စေပါတယ်။

၆။ အတင်းပြောခြင်း

တစ်စုံတစ်ယောက် ပြုလုပ်လိုက်တဲ့အရာကို ဝေဖန်တယ်ဆိုတာ မကောင်းတဲ့အပြုအမူတစ်ခု ဖြစ်ပါတယ်။ တကယ်လို့ ကလေးတွေရှေ့မှာ ဒီလိုပြုမူမိတော့မယ်ဆိုရင် ချက်ချင်းရပ်လိုက်ပါ။ ကလေးတွေဟာ အရာရာတိုင်းကို သင်ယူတတ်ပါတယ်။

Ref: www.webmd.com “Bad habits that can hurt your kids’ health”

Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top