တရုတ်နိုင်ငံရဲ့ထိပ်တန်းမင်းသမီးချော ပိုင်လုဟာ သူ့ရဲ့ဇာတ်လမ်းတွဲအသစ် After the Bloom ရိုက်ကွင်းမှာ ဝန်ထမ်းတွေအားလုံးကို နောက်ဆုံးထွက် iPhone 18 တစ်လုံးစီလက်ဆောင်ပေးကာ အံ့အားသင့်စေခဲ့ပါတယ်။
iPhone လက်ခံရရှိခဲ့တဲ့ သူတို့တွေထဲက နှစ်ဦးဟာ ဖုန်းလက်ဆောင်ရရှိခဲ့တယ်ဆိုတာကို မင်းသမီးနဲ့အတူ ရိုက်ထားတဲ့ဓာတ်ပုံနဲ့အတူ Weibo အကောင့်မှာ တင်ခဲ့ကြတာပါ။ ” ပိုင်လုဆီကနေ အံ့ဩစရာကောင်းလိုက်တဲ့လက်ဆောင်တစ်ခုလက်ခံရရှိခဲ့တယ်။ ထုတ်လုပ်ရေးအဖွဲ့က လူတိုင်း လက်ခံရရှိခဲ့တာပါ။ ပိုင်လုနဲ့ သိကျွမ်းလာတာ ၆ နှစ်ရှိပါပြီ။ သူနဲ့ အလုပ်တွဲလုပ်ရတာကို မကြိုက်တဲ့သူမရှိပါဘူး။ ဇာတ်လမ်းတစ်ခုမှာ သူနဲ့အတူ အလုပ်တွဲလုပ်တဲ့သူတိုင်းက ဇာတ်ကားရိုက်ပြီးတာနဲ့ သူ့နဲ့ ခွဲခွာသွားရမှာ ဝန်းနည်းကြပါတယ်။ သူက အမြဲတမ်းစွမ်းအင်အပြည့်နဲ့ရှိပြီး သူ့နားရှိတဲ့လူတိုင်းအပေါ် ကြင်နာတတ်တယ်။ ဒါကို သတိထားမိသလို တန်ဖိုးလည်းထားပါတယ်။ အစားအစာတွေ၊ နို့လက်ဖက်ရည်တွေလည်း အမြဲတမ်းကျွေးမွေးလေ့ရှိသလို နှစ်သစ်ကူးကာလမှာလည်း အနီရောင်အိတ်လေး(ဟုန်ပေါင်း)တွေပေးပါတယ်။ အတူတူမဆင်နွှဲရရင်တောင် သူက အနီရောင်အိတ်လေးတွေ ပို့ပေးနေတုန်းပါပဲ “လို့ ရေးသားထားပါတယ်။

ပိုင်လုဆီကနေ ရုပ်ရှင်အဖွဲ့သား ၁၂ ဦးရရှိခဲ့တဲ့ iPhone အမျိုးအစားကို သေချာမသိရပေမဲ့ Glacier အရောင် iPhone 18 Pro Max ဖြစ်ဖို့များပါတယ်။ ပိုင်လုရဲ့သက်တော်စောင့်တွေ၊ ကားဆရာနဲ့ စတန့်သမားတွေလည်း လက်ဆောင်ရရှိခဲ့တယ်လို့ သိရပါတယ်။
Ref: Bai Lu gifts iPhone 18 to over 10 staff members
WL (ရိုးရာလေး)

