Balenciaga က ထုတ်လုပ်တဲ့ ဒေါ်လာ ၁၈၀၀ တန် အာလူးကြော်အိတ်ခွံပုံစံပိုက်ဆံအိတ်

12-10-2022-yyl-40.jpg

နာမည်ကြီးဖက်ရှင်အမှတ်တံဆိပ် Balenciaga က ထုတ်လုပ်လိုက်တဲ့ နောက်ဆုံးပေါ်ပိုက်ဆံအိတ်ဟာ အာလူးကြော်အိတ်ခွံပုံစံဖြစ်နေတာကြောင့် လူစိတ်ဝင်စားမှုများနေပါတယ်။ Balenciaga က အာလူးကြော်အိတ်ခွံပုံစံပိုက်ဆံအိတ်ထုတ်လုပ်ဖို့အတွက် အမေရိကန်ရဲ့ Lay’s အာလူးကြော်တံဆိပ်နဲ့ ပူးပေါင်းခဲ့တာပါ။

မကြာသေးခင်က Lay’s အာလူးကြော်အိတ်ပုံစံပိုက်ဆံအိတ်ကို Paris Fashion Week မှာ ပထမဆုံးပြသခဲ့ပါတယ်။ အဲဒီပိုက်ဆံအိတ်က ဖက်ရှင်ရှိုးရဲ့မော်ဒယ်တွေအတွက် အဓိကအသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်ခဲ့ပါတယ်။ အာလူးကြော်အိတ်ခွံပုံစံအိတ်ကို ကိုင်ဆောင်ပြီး ရှိုးလျှောက်ခဲ့တဲ့ မော်ဒယ်တွေရဲ့ပုံတွေကလည်း လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပါတယ်။

Balenciaga ရဲ့ Creative Director ဒန်မ်နာ ဂါဗာဆာလီယာကလည်း သူ့ရဲ့အင်စတာဂရမ်စာမျက်နှာမှာ အဲဒီပိုက်ဆံအိတ်ကို ကြော်ငြာပေးခဲ့ပါတယ်။ ပိုက်ဆံအိတ်တွေကို Lay’s အာလူးကြော်ထုတ်အမျိုးအစားတွေအတိုင်း အရောင်မျိုးစုံနဲ့ ထုတ်လုပ်ထားပါတယ်။ ဒီပိုက်ဆံအိတ်ကို ဒေါ်လာ ၁၈၀၀ နဲ့ ရောင်းချနေတယ်လို့ သိရပါတယ်။အရင်က Balenciaga ဟာ နွားသားရေနဲ့ လုပ်ထားတဲ့ ကမ္ဘာ့ဈေးအကြီးဆုံးအမှိုတ်အိတ်ကိုလည်း ထုတ်လုပ်ရောင်းချခဲ့ပါတယ်။

Ref: Tribune “Balenciaga’s latest $1800 purse is an empty bag of chips”

WL( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top