အမေရိကန်-တရုတ် ကုန်သွယ်ရေး သဘောတူစာချုပ် ချုပ်ဆို

yyl-020-7.jpg

စျေးကွက်တည်ငြိမ်မှု ကင်းမဲ့စေပြီး ကမ္ဘာ့စီးပွားရေးကို ဖိစီးစေခဲ့တဲ့ ကုန်စည်စစ်ပွဲ ဖြေလျှော့ဖို့အတွက် အမေရိကန်နဲ့ တရုတ်နိုင်ငံက ကုန်သွယ်ရေးသဘောတူညီချက် ပထမအဆင့်ကို သဘောတူလက်မှတ် ရေးထိုးခဲ့ပါတယ်။ အဲဒီသဘောတူညီချက်က အမေရိကန်စီးပွားရေးကို အသွင်ပြောင်းစေလိမ့်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။ နှစ်နိုင်ငံကြား ဆက်ဆံရေး ပိုကောင်းလာအောင် အထောက်အပံ့ဖြစ်စေမယ့် သဘောတူစာချုပ်က နှစ်ဦးနှစ်ဖက် အကျိုးရှိစေတဲ့စာချုပ်လို့ တရုတ်နိုင်ငံ ခေါင်းဆောင်တွေက မှတ်ချက်ပေးခဲ့ပါတယ်။

အမေရိကန်နိုင်ငံရဲ့သွင်းကုန်တွေကို ဝယ်ယူရာမှာ ၂၀၁၇ ခုနှစ်ကထက် အမေရိကန်ဒေါ်လာ ဘီလျံ ၂၀၀ ကျော်တန်ဖိုး ထပ်တိုးဝယ်ယူသွားမှာဖြစ်ပြီး ဉာဏမူပိုင်ခွင့်စည်းမျဉ်းတွေ ပိုအားကောင်းလာအောင် လုပ်ပေးမယ်လို့ တရုတ်နိုင်ငံက ကတိပြုခဲ့ပါတယ်။ အတုံ့အလှည့်အနေနဲ့ အမေရိကန်နိုင်ငံကလည်း တရုတ်နိုင်ငံရဲ့ ကုန်ပစ္စည်းတွေအပေါ် ချမှတ်ထားတဲ့ အခွန်စည်းကြပ်မှုတချို့ကို တစ်ဝက်လျှော့ချပေးဖို့ သဘောတူညီခဲ့ပါတယ်။ ဒါပေမဲ့ နယ်စပ်အခွန်အခ တော်တော်များများကိုတော့ ဆက်လက်ကောက်ခံဦးမှာဖြစ်ပါတယ်။ အဲဒီအတွက် စီးပွားရေးအုပ်စုတွေက နောက်ထပ်ဆွေးနွေးမှုတွေလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top