ဘာလီကျွန်းရဲ့နာမည်ကျော်ကမ်းခြေပေါ်က ပလတ်စတစ်အမှိုက်တန်ချိန်များစွာကို ရှင်းလင်းခဲ့

5-1-2021-yyl-05.jpg

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းရဲ့ နာမည်ကျော် ကူတာကမ်းခြေမှာ နေထိုင်သူတွေဟာ နှစ်သစ်ရဲ့ ပထမဆုံးရက်မှာ ကမ်းခြေပေါ် သောင်တင်နေတဲ့ အမှိုက်တန်ချိန်ပေါင်းများစွာကို ရှင်းလင်းဖယ်ရှားခဲ့ကြပါတယ်။

နှစ်စဉ်နှစ်တိုင်း မိုးရာသီမှာ ကူတာကမ်းခြေကို ပလတ်စတစ်အမှိုက်တွေနဲ့ ရေကြောင်းဆိုင်ရာ အသုံးပြုတဲ့ ပစ္စည်းဟောင်းတွေ သောင်တင်လေ့ရှိပါတယ်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှာတော့ ဘာဒန်ဒေသခံတွေက ကူတာကမ်းခြေမှာ သောင်တင်နေတဲ့ ရေကြောင်းအမှိုက်သရိုက် တန်ချိန် ၃၀ ကို ရှင်းလင်းဖယ်ရှားခဲ့တာပါ။

ရေကြောင်းအမှိုက်သရိုက် ၇၀ ရာခိုင်နှုန်းနီးပါးက ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေပါ။ ဒေသခံတွေက ကမ်းခြေမှာသောင်တင်နေတဲ့ အမှိုက်တွေကိုကောက်၊ ထရပ်ကားပေါ်တင်ပြီး အမှိုက်ကန်မှာ သွားရောက်စွန့်ပစ်ခဲ့တာပါ။

နှစ်စဉ်နှစ်တိုင်း ကူတာကမ်းခြေကို အမှိုက်တွေ သောင်တင်နေတာဟာ အမှိုက်စွန့်ပစ်တဲ့ စီမံခန့်ခွဲမှုအမှားကြောင့် ဖြစ်တယ်လို့ ဘာဒန်ဒေသဆိုင်ရာ သဘာဝပတ်ဝန်းကျင်ရုံး အကြီးအကဲ ပူဂျာက ပြောပါတယ်။ ပလတ်စတစ်အမှိုက်တွေဟာ အင်ဒိုနီးရှားနိုင်ငံအတွက် ဆိုးရွားတဲ့ ပြဿနာတစ်ရပ်ပါ။ ၂၀၁၈ ခုနှစ် နိုဝင်ဘာလက ဝါကာတိုဘီအမျိုးသားဥယျာဉ်ရဲ့ ကာပိုတာကျွန်းနားမှာ ဝေလငါးအသေကောင် တစ်ကောင် တွေ့ရပြီး သူ့ရဲ့ဝမ်းဗိုက်ထဲကနေ ပလတ်စတစ်အမှိုက် ၁၃.၂ ပေါင် တွေ့ရှိခဲ့ပါတယ်။

ပြီးခဲ့သည့်ဧပြီလမှာ အင်ဒိုနီးရှားအစိုးရက ပလတ်စတစ်အမှိုက်တွေ အကြီးအကျယ် လျှော့ချနိုင်ဖို့ အစီအစဉ်ရေးဆွဲခဲ့ပြီး အဲဒီအစီအစဉ်အရ ၂၀၂၅ ခုနှစ်မှာ သမုဒ္ဒရာအတွင်း ပလတ်စတစ်အမှိုက် ၇၀ ရာခိုင်နှုန်း လျှော့ချဖို့၊ ၂၀၄၀ ပြည့်နှစ်မှာ ပလတ်စတစ်အမှိုက် ကင်းစင်စေဖို့ စီစဉ်ထားပါတယ်။

Ref: CNN ” Bali’s Kuta Beach cleared of tons of plastic waste”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top