Facebook ရဲ့ ၁၄နှစ်ပြည့် မွေးနေ့ပွဲလေးအတွက် ဇူကာဘတ်ရဲ့ အမှာစကား

facebook-mark-zuckerberg-5-1200x630-c-ar1.91.png

၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ ၄ရက်နေ့မှာ စာဖတ်သူတို့အသုံးပြုနေတဲ့ facebook ဟာ ၁၄နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီနေ့လေးအတွက် facebook တည်ထောင်သူ မတ်ခ်ဇူကာဘာတ် (Mark Zukerberg) ရဲ့ အမှာစကားလေးကို ဖော်ပြပေးလိုက်ပါတယ်။

“ဒီနေ့ဟာ facebookရဲ့ ၁၄နှစ်ပြည့် မွေးနေ့လေးဖြစ်ပါတယ်။ ဒီအချိန်ထိ ဖြတ်သန်းလာခဲ့ရသမျှမှာ ဟားဗတ်တက္ကသိုလ်ရဲ့ အခန်းကျဉ်းလေးမှသည် ကမ္ဘာကြီးတစ်ခုလုံး တစ်ယောက်နဲ့တစ်ယောက် နီးနီးကပ်ကပ်ဖြစ်စေဖို့အတွက် ကြိုးစားပေးခဲ့တာတွေကို ပြန်မြင်ယောင်မိပါတယ်။ အခုအချိန်ဟာ ပိုမိုကောင်းမွန်တဲ့ လူနေမှုဘဝကို အတူတူဖန်တီးကြဖို့ အချိန်အခါဖြစ်ပါတယ်။

တစ်ခါတစ်လေ လူတွေက ကျွန်တော် ဘာတွေသင်ယူလေ့လာခဲ့သလဲ မေးလေ့ရှိတယ်။ ကျွန်တော်အသက်၁၉နှစ်တုန်းက ကုမ္ပဏီတစ်ခုကို ဘယ်လိုတည်ထောင်ရမယ် ဒါမှမဟုတ် အင်တာနက်ဝန်ဆောင်မှုတွေကို ဘယ်လိုဖြန့်ကျက်ပေးနိုင်မယ် သေချာမသိခဲ့တဲ့ အချိန်ကာလတစ်ခုမှာ facebook ကို စတင်အသက်သွင်းခဲ့ပါတယ်။ ဒီနှစ်ကာလတွေအတောအတွင်းမှာ ခင်ဗျားတို့တွေ စိတ်ကူးမိနိုင်သမျှ လူတိုင်းဖြစ်နေကျ အမှားတွေကို ကျွန်တော်လည်းလုပ်ခဲ့တာပဲ။ လူကြည့်မှားတာမျိုး၊ တကယ်တော်တဲ့လူကို မမြင်တတ်ခဲ့တာမျိုး၊ လူမှားယုံခဲ့တာမျိုး အစရှိသဖြင့် အများအပြားပါ။ ထုတ်ကုန်တွေထုတ်ခဲ့တယ်။ ကျရှုံးတယ်။ ထပ်ထုတ်ခဲ့တယ်။

ဒီနေ့ဒီအချိန်အထိ facebook ဆိုတာရှိနေရဖြင်းဟာ ကျွန်တော်တို့အမှားတွေ မလုပ်ခဲ့လို့ မဟုတ်ပါဘူး။ ထပ်ခါထပ်ခါ ကျရှုံးပါစေ ဇွဲမလျှော့ပဲ ကျွန်တော်တို့အပေါ် ကျရောက်လာတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ခြင်းကသာလျှင် ကျွန်တော်တို့ကို ပိုမိုတိုးတက်စေတယ်ဆိုတာကို နက်နက်ရှိုင်းရှိုင်း ယုံကြည်ထားလို့ပါပဲ။

Facebook ပေါ်မှာ ချစ်ခင်ရပါတဲ့သူငယ်ချင်းတွေ မိသားစုတွေကို ပိုမိုရင်းနှီးကျွမ်းဝင်နိုင်စေဖို့ ဒီ ၁၄နှစ် ကာလတစ်လျှောက်လုံး လုပ်ဆောင်ပေးရင်း ဒီလို ပျော်ရွှင်စရာ ကာလလေးတွေအတွက် အစိတ်အပိုင်း တစ်ခုအဖြစ် ပါဝင်ခွင့်ရတာ ကျေးဇူးအထူးတင်ပါတယ်လို့ ပြောကြားပါရစေ။ ဒီခရီးလမ်းတစ်လျှောက် သင်နဲ့လိုက်ပါစီးမြောခွင့်ရတာ အလွန် ဂုဏ်ယူမိပါတယ်။” လို့ ရေးသားဖော်ပြထားပါတယ်။

Sophia (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top