Old Navy ကုမ္ပဏီကလိုအပ်နေတဲ့အမေရိကန်လူမျိုးတွေကို အဝတ်အထည် ဒေါ်လာသန်း (၃၀) ဖိုးလှူဒါန်းနေ

13-5-2020-yyl-011.jpg

Old Navy ဟာ အမေရိကန်နိုင်ငံက အဝတ်အထည်တွေကို လက်လီလက်ကားရောင်းချတဲ့ကုမ္ပဏီဖြစ်ပါတယ်။ COVID-19 ကပ်ရောဂါအတွင်း လှူဒါန်းမှုတွေပြုလုပ်နေတဲ့ အဝတ်အထည်ကုမ္ပဏီတွေထဲက တစ်ခုလည်းဖြစ်ပါတယ်။ အဲဒီကုမ္ပဏီက ကပ်ရောဂါအတွင်း လိုအပ်နေတဲ့ အမေရိကန်လူမျိုးတွေကို အဝတ်အထည် ဒေါ်လာ သန်း (၃၀) ဖိုး လှူဒါန်းနေတယ်လို့ ကြေညာခဲ့ပါတယ်။ လှူဒါန်းမှုတွေပြုလုပ်ဖို့အတွက် အကျိုးအမြတ်မယူတဲ့အဖွဲ့အစည်းတွေဖြစ်တဲ့ Good360 နဲ့ Baby2Baby တို့နဲ့ လက်တွဲလုပ်ကိုင်မှာဖြစ်ပါတယ်။

လှူဒါန်းမှုကို ကြေညာဖို့အတွက် Old Navy အဝတ်အထည် (၁၀၀၀) နဲ့အမေရိကန်မိသားစုရဲ့ပုံတူကို ဖန်တီးပေးဖို့အတွက် ပန်းချီပညာရှင် နိုအာ စကာလင်ကို အကူအညီတောင်းထားပါသေးတယ်။ ဗီဒီယိုအတိုလေးမှာတော့ ဒီဇိုင်နာက အဝတ်အထည်တွေနဲ့ သမီး (၂) ယောက်နဲ့ မိခင်တစ်ဦးပါဝင်တဲ့ဒီဇိုင်းကို ဖန်တီးနေတာ တွေ့ရပါတယ်။ “Zoom School အတွက် အတူတူရှိနေပေးကြတဲ့၊ TikTok challenges နဲ့ တွေ့ဆုံကြရတဲ့ မိသားစုတွေကို ကျေးဇူးတင်ပါတယ်။ အခုဆိုရင် ကျွန်တော်တို့လုပ်ဆောင်နေကြပါတယ်။ ၁၉၉၄ခုနှစ်ကတည်းက ကျွန်တော်တို့လုပ်တဲ့အရာမှန်သမျှကို အားပေးခဲ့တဲ့ မိသားစုတွေရှိနေတဲ့အတွက် Old Navy က အမေရိကန်တစ်ဝှမ်းက လိုအပ်နေတဲ့မိသားစုတွေကို ကူညီပေးဖို့ အဝတ်အထည် ဒေါ်လာ သန်း (၃၀) ဖိုး လှူဒါန်းနေပါတယ်”လို့ Old Navy က ကြေညာထားပါတယ်။

Boys & Girls Clubs of America ကို ပြန်လည်အသုံးပြုလို့ရတဲ့ Mask (၅၀,၀၀၀) လှူဒါန်းထားတယ်လို့လည်း ကြေညာခဲ့ပါသေးတယ်။ ကပ်ရောဂါအတွင်းမှာ အမေရိကန်လူမျိုးတွေကို တစ်ဖက်တစ်လမ်းကနေ ကူညီပံ့ပိုးပေးနေတဲ့ အဝတ်အထည်လက်လီလက်ကားရောင်းချတဲ့ကုမ္ပဏီတွေလည်း ရှိပါသေးတယ်။

အဝတ်အထည်တွေနဲ့ ပုံတူဖန်တီးနေတဲ့ဗီဒီယို

Ref: Old Navy announces it is donating $30M of clothing to help families in need during COVID-19 pandemic

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top