ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံရသူများနေ

27.7.23-yyl-3.jpg

လူဦးရေ ထူထပ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံရသူ များပြားနေပြီး စံချိန်တင် လူသေဆုံးမှု ကြုံရမှာ စိုးရိမ်လျက်ရှိပါတယ်။ ဒီနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သွေးလွန်တုပ်ကွေး ကူးစက်ခံရသူ ၃၇၀၀၀ ကျော် ရှိပြီး အနည်းဆုံး လူ ၂၀၁ ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးသူတစ်ဝက်ကျော်မှာ မြို့တော် ဒါကာမြို့မှာ နေထိုင်သူတွေပါ။

အဖျားကြီးတာ၊ အဆစ်အမြစ် ကိုက်ခဲတာ၊ အော့အန်တာ အစရှိတဲ့ လူနာတွေ များနေလို့ ဒါကာမြို့က ဆေးရုံတွေမှာ နေရာလွတ်မရှိသလောက် ရှားပါးနေပါတယ်။ Aedes ခြင်ကနေ ကူးစက်စေတဲ့ သွေးလွန်တုပ်ကွေးရောဂါဟာ အရှေ့တောင်အာရှဒေသမှာ ဇွန်လကနေ စက်တင်ဘာလအတွင်း ဖြစ်ပွားလေ့ရှိပါတယ်။ သွေးလွန်တုပ်ကွေးရောဂါကို ကာကွယ်၊ ကုသဖို့ သီးသန့်ထုတ်လုပ်ထားတဲ့ ဆေးဝါးလည်း မရှိပါဘူး။

၂၀၂၂ ခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၆၂၄၂၃ ဦး ရှိခဲ့ပြီး ၂၈၁ ဦး သေဆုံးခဲ့ပါတယ်။ ဒါဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သွေးလွန်တုပ်ကွေးကြောင့် စံချိန်တင် သေဆုံးမှုဖြစ်ပါတယ်။

Ref: Bangladesh fears record-high death toll from dengue outbreak

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top