အသက် ၈၈ နှစ်အရွယ်မှာ ဘွဲ့ရခဲ့တဲ့အဘိုးအို

201705093.jpg

ဂျော်ဂျီယာနိုင်ငံက အဘိုးအိုတစ်ယောက်ဟာ အသက် ၈၈ နှစ်ရောက်မှ ကောလိပ်ကနေ ဘွဲ့ရခဲ့ပါတယ်။

Horace Sheffield အမည်ရှိတဲ့ အဘိုးအိုကက Shorter တက္ကသိုလ်ကို ၁၉၆၀ ကနေ ၁၉၆၅ ခုနှစ်ထိ တက်ခဲ့ပေမယ့်လည်း သူ့သမီးတွေကို စာသင်တဲ့နေရာမှာ ထောက်ပံ့ကူညီဖို့အတွက် ဘွဲ့မရခင် တက္ကသိုလ်ကနေထွက်ခဲ့ရသူပါ။ ခုဆိုရင် သူ့ရဲ့ ဘဝရည်မှန်းချက်တစ်ခုတော့ ပြည့်မြောက်သွားပါပြီ။

အဘိုးအိုဟာ အငြိမ်းစားတစ်ဦးဖြစ်ပြီး ပုံမှန်ဝင်ငွေလေးတွေပေါ်မှာ ရပ်တည်နေသူဖြစ်လို့ ကျောင်းတတ်ဖို့ကို မစဉ်းစားနိုင်ခဲ့ပါဘူး။ ဒါပေမယ့် စီနီယာကျောင်းသားတွေ အခမဲ့ အတန်းတက်နိုင်တယ်ဆိုတဲ့ မဂ္ဂဇင်းတစ်ခုက ဆောင်းပါးကို ဖတ်မိပြီးတဲ့နောက်မှာ သူတက်ခဲ့တဲ့ တက္ကသိုလ်ကို ပြန်လျှောက်ခဲ့တာပါ။

အဘိုးအိုက အွန်လိုင်းသင်တန်းတွေကတဆင့် ခရစ်ယာန် ဘာသာရပ်ကို လေ့လာခဲ့တာ ဖြစ်ပါတယ်။ သူဟာ ဘွဲ့ရဖို့အတွက် ဒေါ်လာ ၂၀၀ သာ ကုန်ကျခဲ့ပါတယ်။ ဒီဘာသာရပ်ကို လေ့လာနိုင်ဖို့အဘိုးအိုမှာ ကျူတာ ဆရာမတစ်ယောက်က အထောက်အကူပေးခဲ့ပါတယ်။ လက်ရေးနဲ့ ရေးထားတဲ့ စာတွေကို သူမက ကွန်ပြူတာနဲ့ အကုန်စာစီပေးခဲ့တာပါ။ ဒါကြောင့် အဘိုးအိုက သူမသာ မရှိရင် ဘွဲ့မရနိုင်ဘူးလို့ ဆိုပါတယ်။

အဘိုးအိုက ကျောင်းဘွဲ့နှင်းသဘင်ကို Walker (လမ်းလျှောက်ရာတွင် အထောက်အကူပေးတဲ့ လေးချောင်းထောက်ပစ္စည်း) ကို အားပြုပြီး ဘွဲ့တက်ယူခဲ့ပါတယ်။

Ref: Abc news; 88-year-old Georgia man graduates from college: ‘I wanted that degree’

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top