အသားကင်ရောင်းရင်း အကြွေးတွေ ပြန်ဆပ်ဖို့ ကြိုးစားနေတဲ့ သန်းကြွယ်သူဌေးဟောင်း

25-11-2022yyl05.jpg

တချိန်တုန်းကတော့ တန်ကျင်းက ဟန်ကျိုးမြို့ရဲ့ စားသောက်ဆိုင်ပိုင်ရှင် သန်းကြွယ်သူဌေးကြီးပါ။ ကျဲကျင်းပြည်နယ်တစ်ခုလုံးမှာတောင် အအောင်မြင်ဆုံးလုပ်ငန်းရှင်စာရင်း ဝင်တယ်။ ၃၆ နှစ်သားအရွယ်မှာ သူက စားသောက်ဆိုင်တွေ အများကြီးပိုင်နေပြီ။

ဒါပေမဲ့ ၂၀၀၅ ခုနှစ်ကစပြီး သူက မြေယာအင်ဂျင်နီယာလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်တယ်။ အဲဒီလုပ်ငန်းက စားသောက်ဆိုင်လုပ်ငန်းထက် ပိုအောင်မြင်မယ်လို့ သူ ထင်မှတ်ခဲ့တာပါ။ သူ့ရဲ့ပိုင်ဆိုင်မှုတွေကို အဲဒီလုပ်ငန်းမှာ အထပ်ထပ်ရင်းနှီးမြှုပ်နှံခဲ့ပြီး မအောင်မြင်ခဲ့လို့ ပိုင်ဆိုင်သမျှအားလုံး ဆုံးရှုံးခဲ့ပါတယ်။

ဆိုင်တွေ၊ အိမ်တွေ၊ ကားတွေ ရောင်းပစ်ပြီးတာတောင် သူ့မှာ ကြွေးမြီ ယွမ်၄၆ သန်းပေးဖို့ ကျန်နေပါသေးတယ်။ ဒေဝါလီခံခဲ့ရတဲ့ တန်ကျင်းက သူ့ရဲ့မူလအစဖြစ်တဲ့ အစားအသောက် ရောင်းချတဲ့ အလုပ်ကိုပဲ ပြန်လုပ်ခဲ့ပါတယ်။ အသားကင်ဆိုင်လေး ဖွင့်ထားပြီး ကြွေးမြီတွေ ပြန်ဆပ်ဖို့ ကြိုးစားနေတယ်။ ရှုံးနိမ့်မှုတွေ ကြုံခဲ့ပေမဲ့ အလျှော့မပေးဘဲ ဆက်ကြိုးစားနေတဲ့ တန်ကျင်း၏ စိတ်ဓာတ်ကိုတော့ တရုတ်လူမှုကွန်ရက် အသုံးပြုသူတွေက ချီးကျူးနေကြပါတယ်။

” မွေးကတည်းက ချမ်းသာတာမှ မဟုတ်တာ။ အသစ်တစ်ဖန် ပြန်စဖို့ ဘာကြောင့် ကြောက်နေမှာလဲ။ အခက်အခဲတွေကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ဖို့ သင်ယူပြီး သတ္တိရှိရှိနဲ့ ရှေ့ဆက်ရမှာပဲ။ ကျွန်တော်တို့အားလုံးရဲ့ ဘဝက စိန်ခေါ်မှုကိုယ်စီနဲ့ပါ။ အခက်အခဲကိုယ်စီ ရှိပါတယ်။ ဘယ်တော့မှ အရှုံးမပေးတဲ့ စိတ်ဓာတ်ကို ကိုင်စွဲထားရမှာပါ” လို့ တန်ကျင်းက ဆိုပါတယ်။

Ref:Bankrupt Former Millionaire Is Paying $6.4 Million Debt by Selling Sausages on the Street

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply