ဒေါ်လာ ၇၅၈ သန်းတန်ကြေးရှိတဲ့ ရှယ်ယာတွေကို လှူဒါန်းခဲ့တဲ့ ၆ ဦးမြောက် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်

316213062_3361347400789658_6804022736126438578_n.jpg

၆ ဦးမြောက် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်၊ Berkshire Hathaway ကုမ္ပဏီရဲ့ စီအီးအိုလည်း ဖြစ်တဲ့ ဝါရင် ဘတ်ဖတ်ဟာ ပရဟိတအဖွဲ့အစည်းတွေကို ဒေါ်လာ ၇၅၈ သန်း တန်ကြေးရှိတဲ့ ကုမ္ပဏီရဲ့ရှယ်ယာတွေကို လှူဒါန်းလိုက်ပါတယ်။ အဲဒီပရဟိအဖွဲ့အစည်းတွေထဲမှာ သူ့ရဲ့ပထမဇနီး ဆူဆန် ဘတ်ဖတ်ရဲ့နာမည်နဲ့ တည်ထောင်ထားတဲ့ ပရဟိတအဖွဲ့အစည်းလည်း ပါဝင်ပါတယ်။

နိုဝင်ဘာ ၂၃ ရက်နေ့က အသက် ၉၂ နှစ်အရွယ် ဝါရင်က Susan Thompson Buffett ဖောင်ဒေးရှင်းကို ၁.၅ သန်း Class B ရှယ်ယာတွေနဲ့ Sherwood ဖောင်ဒေးရှင်း၊ the Howard G.Buffett ဖောင်ဒေးရှင်း၊ the NoVo ဖောင်ဒေးရှင်းတွေကို ရှယ်ယာ ၃ သိန်းစီ လှူဒါန်းခဲ့ပါတယ်။ ဒီဖောင်ဒေးရှင်း (၃) ခုက သူ့ရဲ့ကလေးတွေ စီမံခန့်ခွဲထားပါ။ ဝါရင်က ၁၆၀၀ Class A ရှယ်ယာတွေကို ၂.၄ သန်း Class B ရှယ်ယာတွေအဖြစ် ပြောင်းလဲပြီးနောက် လှူဒါန်းမှုတွေ လုပ်ခဲ့တာပါ။

Bloomberg Billionaires Index အရ ဝါရင်က ဒေါ်လာ ၁၁၀ ဘီလျံရှိတဲ့ ကမ္ဘာ့ ၆ ဦးမြောက်အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ပါတယ်။ အခုနှစ်မှာ ဘီလျံနာတော်တော်များများရဲ့ကြွယ်ဝချမ်းသာမှုတွေ ထိုးကျသွားတဲ့အချိန် ဝါရင်က အခုအချိန်ထိ ဒေါ်လာ ၁.၅ ဘီလျံတိုးလာခဲ့ပါတယ်။ သူ့ရဲ့ကြွယ်ဝချမ်းသာမှုက သူ့ရဲ့ရက်ရောတဲ့လှူဒါန်းမှုတွေအတွက်သာ မဟုတ်ရင် သိသိသာသာပိုများလာမှာဖြစ်ပါတယ်။

၂၀၁၀ ခုနှစ်မှာ ဝါရင်က သူ့ရဲ့သူငယ်ချင်းတွေဖြစ်တဲ့ ဘီလ် ဂိတ် နဲ့ မယ်လင်ဒါဂိတ်တို့နဲ့အတူ the Giving Pledge အဖွဲ့အစည်းကို စတင်ခဲ့ပါတယ်။ အဲဒီအဖွဲ့အစည်းမှာ သူ့ရဲ့ကြွယ်ဝချမ်းသာမှုရဲ့၉၉ ရာခိုင်နှုန်းကို တစ်သက်တာရော၊ ကွယ်လွန်ချိန်မှာ လှူဒါန်းသွားမယ်လို့ ကတိကဝတ်ပြုထားခဲ့တာပါ။ ဘီလ် ဂိတ်တို့ဇနီးမောင်နှံနဲ့အတူ ဝါရင်က ချမ်းသာတဲ့အမေရိကန်လူမျိုးရာချီကိုလည်း သူတို့ရဲ့ကြွယ်ဝချမ်းသာမှု ၅၀ ရာခိုင်နှုန်းကို ပရဟိတလှူဒါန်းဖို့ တောင်းဆိုခဲ့ကြပါတယ်။ ၂၀၀၆ ခုနှစ်အစောပိုင်းမှာကတည်းက ဝါရင်ဟာ ပရဟိတအဖွဲ့အစည်းတွေဆီ သူ့ရဲ့ကုမ္ပဏီစတော့ရှယ်ယာတွေအားလုံးကို တဖြည်းဖြည်းချင်း လှူဒါန်းမယ်လို့ ကတိကဝတ်ပြုထားပြီးသားပါ။

အခုချိန်ထိ ဝါရင်က Bill & Melinda Gates ဖောင်ဒေးရှင်းကို Berkshire စတော့ရှယ်ယာ ဒေါ်လာ ၃၂ ဘီလျံကျော် လှူဒါန်းထားပြီးဖြစ်တဲ့အပြင် သူ့မိသားစုဝင်တွေရဲ့ဖောင်ဒေးရှင်းတွေဆီလည်း ပုံမှန်လှူဒါန်းဖြစ်ခဲ့ပါတယ်။

Ref: 92-year-old Warren Buffett Donates $758 Million In Berkshire Shares To Charity

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top