ဘာစီလိုနာအသင်းက အသင်းအမှတ်တံဆိပ်ပါ ချည်သားစစ်စစ် နှာခေါင်းစည်းများ ရောင်းချ

27-5-2020-yyl-019.jpg

ဥရောပမှာ ဝင်ငွေအများဆုံး ဘောလုံးအသင်းအဖြစ် ရပ်တည်နေတဲ့ ဘာစီလိုနာအသင်းဟာ COVID-19 ကပ်ရောဂါ ကူးစက်ပျံ့နှံ့နေတဲ့ကာလမှာ ၁၆ ပေါင် တန်ကြေးရှိတဲ့ ကလပ်အသင်း အမှတ်တံဆိပ်ပါ နှာခေါင်းစည်းတွေ ထုတ်လုပ်ရောင်းချလျက်ရှိပါတယ်။ ကာတာလန်ဒေသအတွင်းမှာ ထုတ်လုပ်တဲ့ နှာခေါင်းစည်းတွေဟာ ဂေဟစနစ်နဲ့ ကိုက်ညီတဲ့ ချည်သားစစ်စစ်ကို အသုံးပြုထားပြီး အကြိမ် ၄၀ လျှော်ဖွတ်အသုံးပြုရင်တောင် ရောဂါကူးစက်မှုကို ကာကွယ်ပေးနိုင်စွမ်း ရှိတုန်းပဲလို့ ဆိုပါတယ်။ ဒီဇိုင်း ၃ မျိုး၊ အရွယ်အစား ၃ မျိုး ထုတ်လုပ်ထားတဲ့ နှာခေါင်းစည်းတွေကို ဘာစီလိုနာလေဆိပ်အပါအဝင် နေရာ ၅ ခုမှာ ဝယ်ယူရရှိနိုင်တယ်လို့ ဘာစီလိုနာအသင်းက ကြေညာထားပါတယ်။

ဘာစီလိုနာဟာ COVID-19 ကပ်ရောဂါကာလအတွင်း သူတို့ရဲ့ဘောလုံးကွင်းတွေ၊ လေ့ကျင့်ရေးခန်းမတွေကို အလိုရှိရာ အသုံးပြုနိုင်တယ်လို့ စပိန်အစိုးရထံ ကမ်းလှမ်းခဲ့ပြီး စပိန်ကျန်းမာရေးဝန်ကြီးဌာနနဲ့ ယူနီဆက်ဖ်အတွက် ငွေကြေးလှူဒါန်းမှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။ လာလီဂါပြိုင်ပွဲကို ဇွန်လ ၁၂ ရက်မှာ ပြန်လည်စတင်ဖို့ သေချာသလောက်ဖြစ်နေပြီး ပရိသတ်တွေက တောင်းဆိုလာရင် နောက်ထပ်နှာခေါင်းစည်းဒီဇိုင်းသစ် ၉ မျိုးထုတ်လုပ်ပေးသွားမယ်လို့ ဘာစီလိုနာအသင်းက ကြေညာထားပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top