COVID-19 ကပ်ရောဂါကာလ စည်းမျဉ်းတွေနဲ့ညီအောင် ဂျာမန်ကလပ် ၂သင်းက ဈေးဝယ်လက်တွန်းလှည်းကိုယ်စီနဲ့ ဘောလုံးကစားခဲ့

27-5-2020-yyl-020.jpg

COVID-19 ကပ်ရောဂါကာလမှာ တစ်ယောက်နဲ့တစ်ယောက် ခပ်ဝေးဝေးနေရမယ်လို့ စည်းမျဉ်းထုတ်ပြန်ထားတဲ့အတွက် ဂျာမန်အပျော်တမ်းလိဂ်ပြိုင်ပွဲဝင် ကလပ်အသင်း ၂ သင်းက ဈေးဝယ်တွန်းလှည်းတွေ၊ နှာခေါင်းစည်းတွေ တပ်ပြီး ထူးထူးခြားခြား ဘောလုံးကစားခဲ့ကြပါတယ်။

လက်တွန်းလှည်းတွေကိုယ်စီကိုင်ပြီး ကစားခဲ့ကြတဲ့ အက်စ်စီအိန်းဟစ်(SC Einheit)နဲ့ အက်စ်ဗီကိုနစ်စတိန်း(SV Konigstein)အသင်းပွဲစဉ်က ၂ ဂိုးစီ သရေရလဒ်နဲ့ ပြီးဆုံးခဲ့ပါတယ်။ သာမန်ဘောလုံးပွဲစည်းမျဉ်းတွေကိုပဲ ကျင့်သုံးခဲ့တဲ့ ဒီပွဲမှာ ကစားသမားတစ်ယောက်က ပြိုင်ဘက်အသင်း ကစားသမားရဲ့ တွန်းလှည်းကို ဆောင့်တိုက်မိခဲ့ပြီး လဲကျသွားစေခဲ့တဲ့အတွက် ပင်နယ်တီကန်ခွင့်ပေးခဲ့တာ တွေ့ရပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top