ဘာစီလိုနာအသင်း လေ့ကျင့်ရေး အစီအစဉ်မှာ မက်ဆီကို ခပ်ကြမ်းကြမ်း မဖျက်ထုတ်ကြဖို့ အသင်းဖော်တွေကို မှာကြားထား

10-6-2020-yyl-022.jpg

ဘာစီလိုနာအသင်း လေ့ကျင့်ရေးအစီအစဉ်မှာ မက်ဆီကို ခပ်ကြမ်းကြမ်း မဖျက်ထုတ်ကြဖို့ အသင်းဖော်တွေကို မှာကြားထားတယ်လို့ ဘာစီလိုနာကစားသမားတစ်ယောက်က ပြောပါတယ်။ အသက် ၂၀ ရှိတဲ့ ဂျာမနီနောက်ခံလူ တိုဒီဘိုဟာ ရှော်လ်ကေးအသင်းမှာ အငှားသွားရောက်ကစားနေသူဖြစ်ပြီး မက်ဆီနဲ့အတူ လေ့ကျင့်ခန်းဆင်းခဲ့ဖူးတဲ့အကြောင်းကို အခုလအစောပိုင်းက ထုတ်ပြောခဲ့တာပါ။

” မက်ဆီ ဒဏ်ရာရလို့ မဖြစ်ဘူးဆိုတာ ကျွန်တော်တို့အားလုံး သိပါတယ်။ လေ့ကျင့်ရေးအစီအစဉ်မှာ မက်ဆီကို ဂရုတစိုက် ကာကွယ်ပေးကြပါတယ်။ မက်ဆီဆီကနေ ကျွန်တော် အများကြီးသင်ယူနိုင်ခဲ့တယ်။ ကျွန်တော် သူ့ဆီကနေ ဘောလုံးလုဖူးတယ်။ ဒါပေမဲ့ သူ့ကို ဒဏ်ရာမရအောင် ဂရုစိုက်ပါတယ်”လို့ တိုဘီဒိုက ပြောပါတယ်။ ဘာစီလိုနာအသင်းက မက်ဆီကို ဒဏ်ရာမရအောင် ကာကွယ်ပေးတာ အံ့သြစရာကိစ္စတော့ မဟုတ်ပါဘူး။ ဘာစီလိုနာအသင်း သမိုင်းတစ်လျှောက် ဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်နေတဲ့ မက်ဆီဟာ ဒီရာသီ လာလီဂါပြိုင်ပွဲမှာ ၁၉ ဂိုးသွင်းယူထားသူဖြစ်ပြီး ဆွာရက်ဇ် ဒဏ်ရာရနေချိန်မှာ ဘာစီလိုနာအသင်းရဲ့ ပင်တိုင်ဂိုးသွင်းသူအဖြစ် စွမ်းဆောင်ပေးနေသူပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top