ဆရာဟောင်းကို လက်ထောက် နည်းပြခန့်အပ်ခဲ့တဲ့ မန်စီးတီးနည်းပြ ဂွာဒီယိုလာ

10-6-2020-yyl-023.jpg

မန်စီးတီးအသင်းဟာ အာဆင်နယ်ကို ပြောင်းရွှေ့သွားခဲ့တဲ့ လက်ထောက်နည်းပြ အာတီတာရဲ့နေရာမှာ ဝါရင့်နည်းပြတစ်ဦးဖြစ်တဲ့ ဟွန်မန်နျူရယ်လီလိုကို အစားထိုး ခန့်အပ်ခဲ့ပါတယ်။ အသက် ၅၄ နှစ်ရှိတဲ့ လီလိုဟာ လာလီဂါမှာ အတွေ့အကြုံရင့်ကျက်တဲ့ နည်းပြတစ်ယောက်ဖြစ်ပြီး အင်နီယေစတာ၊ ဒေးဗစ်ဗီလာ၊ ယာယာတိုရေးတို့ကို ကိုင်တွယ်ခဲ့ဖူးသူပါ။ မန်စီးတီးနည်းပြ ဂွာဒီယိုလာတောင် ကစားသမားဘဝတုန်းက မက္ကဆီကိုကလပ် ဒိုရာဒိုအသင်းမှာ လီလိုရဲ့လက်အောက် ကစားခဲ့ဖူးပါတယ်။

လီလိုဟာ ချင်ဒေါင်ဟွမ်ဟိုင်းအသင်းကို တရုတ်လိဂ်-၁ ဖလား ဆွတ်ခူးပေးပြီး တရုတ်စူပါလိဂ်ပြိုင်ပွဲ တန်းတက်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီးနောက်မှာ နည်းပြရာထူးကနေ နုတ်ထွက်ပြီး မန်စီးတီးအသင်းကို ပြောင်းရွှေ့လာခဲ့တာပါ။ ” မန်စီးတီးအသင်း နည်းပြအဖွဲ့ဝင်တစ်ယောက်ဖြစ်လာလို့ ကျေနပ်ဝမ်းမြောက်မိပါတယ်။ ကျွန်တော်နဲ့ ဂွာဒီယိုလာ သိကျွမ်းလာတာ နှစ်ချီကြာပါပြီ။ စိတ်လှုပ်ရှားစရာကောင်းတဲ့ မန်စီးတီးအသင်းရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် သူနဲ့လက်တွဲခွင့်ရတာ လှိုက်ဖိုအောင် ခံစားရပါတယ်”လို့ လီလိုက ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top