ဖာဂူဆန်ခေတ်လွန်မှာ မန်ယူအသင်းက ကစားသမားသစ်တွေခေါ်ဖို့ ပေါင် ၁ ဘီလျံကျော် သုံးခဲ့ပေမဲ့ ဖလား (၃)လုံးပဲ ရခဲ့

19-11-2020-yyl-006.jpg

မန်ယူအသင်းဟာ ဂန္ထဝင်နည်းပြ ဖာဂူဆန်နောက်ပိုင်း ၇ နှစ်အတွင်းမှာ နည်းပြ ၄ ယောက် အပြောင်းအလဲလုပ်ခဲ့ပြီး ကစားသမားသစ် (၃၇) ယောက် ခေါ်ယူဖို့အတွက် ပေါင် ၁.၀၇၄ ဘီလျံအထိ အသုံးပြုခဲ့ပေမဲ့ အက်ဖ်အေဖလား၊ ခရာဘောင်းဖလား (League Cup)နဲ့ ယူရိုပါလိဂ်ဖလား စတဲ့ ဖလား(၃)လုံးပဲ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

မန်စီးတီးအသင်းကလည်း ပြီးခဲ့တဲ့ ၇ နှစ်အတွင်းမှာ ကစားသမားသစ်တွေ ခေါ်ယူဖို့အတွက် ပေါင်(၁.၂)ဘီလျံ အသုံးပြုခဲ့ပါတယ်။ ဒါပေမဲ့ မန်စီးတီးက ပရီးမီးယားလိဂ်ဖလား (၃)လုံး၊ အက်ဖ်အေဖလား (၂)လုံးနဲ့ ခရာဘောင်းဖလား (League Cup) (၅)လုံး ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဖာဂူဆန်လက်ထက်မှာ မအောင်မြင်တဲ့ ကစားသမားသစ် ခေါ်ယူမှုတွေ ရှိခဲ့ပေမဲ့ ဖာဂူဆန်ခေတ်လွန်မှာ မန်ယူအသင်းရဲ့ အပြောင်းအရွှေ့လှုပ်ရှားမှုအများစုကတော့ တန်ကြေးကြီးတဲ့ အမှားတွေဖြစ်ခဲ့ပါတယ်။

ဒေးဗစ်မိုယက်စ် ( ၁၀ လ) – ကစားသမားသစ် ( ၂ ) ယောက်၊ ပေါင် (၆၉ သန်း သုံးစွဲ)
လူးဝစ်ဗန်ဟား ( ၂ နှစ်) – ကစားသမားသစ် ( ၁၃ ) ယောက်၊ ပေါင်(၃၀၇.၈ သန်း သုံးစွဲ)
မော်ရင်ဟို ( ၂ နှစ်) – ကစားသမားသစ် ( ၁၂ ) ယောက်၊ ပေါင်သန်း (၃၆၈.၈) ကျော် သုံးစွဲ)
ဆိုးလ်ရှား (၂၀၁၈ မှ လက်ရှိအချိန်အထိ) – ကစားသမားသစ် ( ၁၀ ) ယောက် (အာမတ်ဒိုင်ယယ်လိုက ဇန်နဝါရီလမှ ပြောင်းရွှေ့လာမယ်)၊ ပေါင်(၂၈၆.၄) သန်း သုံးစွဲ)

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top