လူအရွယ်အစား လောက်ရှိတယ်လို့ ထင်ရစေတဲ့ ဖိလစ်ပိုင်နိုင်ငံက လင်းနို့

6-7-2020-yyl-056.jpg

လူအရွယ်အစားလောက် ရှိတယ်လို့ထင်ရတဲ့ လင်းနို့တစ်ကောင်ပါတဲ့ ပုံတစ်ပုံ လူမှုကွန်ယက်ပေါ်မှာ ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီပုံကို ကြည့်လိုက်ရင် လင်းနို့က လူတွေလောက်တောင် ရှိနေတာပါ။ ဒါက အတော်လေးကြောက်ဖို့တော့ ကောင်းပါတယ်။ ကျွန်တော်တို့မြင်ရတဲ့ပုံက အတုအယောင်မဟုတ်ပါဘူး။ ၁၀၀ ရာခိုင်နှုန်း အစစ်အမှန်ဖြစ်ပါတယ်။ ဒီပုံကို ပြုပြင်ဖန်တီးထားတာလည်း မဟုတ်ပါဘူး။ တကယ်တော့ ဒီအရွယ်အစားကြီးတဲ့လင်းနို့ကို ကြောက်စရာတော့မလိုပါဘူး။ ဘာလို့လဲဆိုရင် လင်းနို့ကို (၅) ပေ အရှည်လောက်ဖြစ်စေတဲ့ ရှုထောင့်ကနေ ဓာတ်ပုံရိုက်ယူထားလို့ပါပဲ။

ပုံထဲမှာ တွေ့ရတဲ့အကောင်ကတော့ Golden Crowned Flying Fox ဆိုတဲ့ လင်းနို့အမျိုးအစား ဖြစ်ပါတယ်။ အဲဒီအကောင်တွေက တစ်စုံတစ်ယောက်ရဲ့အိမ်အပြင်ဘက်မှာ တွဲလောင်းခိုနေရတာကို ကြိုက်ကြပါတယ်။ ဒီပုံကို မျှဝေခဲ့သူကတော့ @AlexJoestae622 ဆိုတဲ့ တွစ်တာအကောင့်ပိုင်ရှင် ဖြစ်ပါတယ်။ လူအရွယ်အစားလောက် လင်းနို့လို့ခေါ်နေကြတဲ့အတွက် ဒီလင်းနို့က ကမ္ဘာ့အကြီးဆုံး လင်းနို့တွေထဲက တစ်ကောင်ဖြစ်ပါတယ်။ လူအရွယ်အစားလောက်လို့ ထင်ရစေတာက အဲဒီလင်းနို့ရဲ့အတောင်ပံကြောင့် ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် သူတို့ရဲ့အတောင်ပံတွေက ငါးပေခွဲအထက်လောက်ဖြန့်နိုင်လို့ပါပဲ။

ဒါပေမဲ့ Flying Fox ရဲ့တကယ်ခန္ဓာကိုယ်အရွယ်အစားက အရှည် (၁) ပေဝန်းကျင် (အလေးချိန် (၃.၁) ပေါင်လောက်ပဲရှိပါတယ်။ ဓာတ်ပုံဆရာက လင်းနို့ကြီးတဲ့ပုံပေါ်စေတဲ့ နေရာကနေ ရိုက်ထားတာဖြစ်ပုံရပါတယ်။ ဒီလင်းနို့ကြီးတွေအတွက် ပြဿနာတစ်ခုတော့ရှိပါတယ်။ လတ်တလောမှာ သူတို့တွေက တောပြုန်းမှုဖြစ်စေတဲ့အတွက်၊ အစားအစာအဖြစ် ခိုးဖမ်းကြတဲ့အတွက် ဘေးသင့်စေတဲ့ မျိုးစိတ်တွေအဖြစ် အမျိုးအစားခွဲထားပါတယ်။ အဲဒီအကောင်တွေက ကြီးမားရင်တောင် ကြောက်စရာတော့မလိုပါဘူး။ သူတို့တွေက ကတွတ်သီးလို့ အသီးတွေကို အများဆုံးစားတဲ့ အပင်စားသတ္တဝါဖြစ်ပြီး ရံဖန်ရံခါတော့ တချို့အရွက်တွေကို စားတတ်ပါတယ်။ Golden Crowned Flying Fox တွေကို ဖိလစ်ပိုင်နိုင်ငံမှာ အဓိကတွေ့ရပြီး အစက မျိုးခွဲ (၃) မျိုးတွေ့ရှိခဲ့ရပါတယ်။ ဒါပေမဲ့ မျိုးစိတ်တွေက မျိုးသုဉ်းပျောက်ကွယ်သွားနေပါပြီ။

Ref: This Photo Of A ‘Human-Sized Bat’ Is Not Actually A Fake

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top