တစ်ရာသီ ဂိုးသွင်းအများဆုံး စံချိန်နဲ့ တူညီသွားတဲ့ ဘိုင်ယန်မြူးနစ်

10-6-2020-yyl-047.jpg

ဖရန့်ဖတ်ကို ၂-၁ ဂိုးနဲ့ အနိုင်ယူပြီး DFB-Pokal ဖလား ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်ဟာ သူတို့အသင်း သမိုင်းတစ်လျှောက် တစ်ရာသီ ဂိုးအများဆုံးစံချိန်နဲ့ တူညီသွားခဲ့ပါပြီ။ ဘိုင်ယန်မြူးနစ်ဟာ ဒီရာသီ ပြိုင်ပွဲစုံ ၄၃ ပွဲ ကစားပြီးချိန်မှာ ၁၂၉ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ၁၉၇၂-၁၉၇၃ ရာသီက တစ်ရာသီ သွင်းဂိုးအများဆုံးစံချိန်နဲ့ တူညီခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်ရဲ့ ဒီရာသီ သွင်းဂိုး ၁၂၉ ဂိုးထဲမှာ ဘွန်ဒက်စ်လီဂါ သွင်းဂိုး(၉၀)ပါဝင်နေပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ ဘွန်ဒက်စ်လီဂါပွဲစဉ် (၃၀) ကစားပြီးချိန်မှာ ဂိုး(၉၀) သွင်းယူနိုင်ခဲ့တာဖြစ်ပြီး လီဝန်ဒေါစကီးက ဂိုး ၃၀ သွင်းယူထားပါတယ်။ ဘွန်ဒက်စ်လီဂါဖလား ဆွတ်ခူးနိုင်ဖို့ သေချာလုနီးပါးဖြစ်နေတဲ့ ဘိုင်ယန်မြူးနစ်ဟာ ဇူလိုင်လ ၄ ရက်မှာ လေဗာကူဆင်အသင်းနဲ့ DFB-Pokal ဖလား ဗိုလ်လုပွဲ ကစားရမှာပါ။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top