ဒီဘရိုင်းက ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်လူလို့ တိုင်လီမန်း ချီးကျူး

16-6-2020-yyl-005.jpg

မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းက ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကွင်းလယ် ကစားသမားဖြစ်တယ်လို့ ဘယ်လ်ဂျီယံအသင်းဖော် တိုင်လီမန်းက ပြောပါတယ်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှာ မိုနာကိုကနေ လက်စတာကို ပြောင်းရွှေ့လာတဲ့ အသက် ၂၃ နှစ်အရွယ် ကွင်းလယ်လူ တိုင်လီမန်းဟာ ပရီးမီးယားလိဂ်မှာ မြန်မြန်ဆန်ဆန် အထိုင်ကျခဲ့ပြီး နည်းပြရော့ဂျာရဲ့ အဓိက ကစားသမားတစ်ယောက် ဖြစ်နေသူပါ။ တိုင်လီမန်းဟာ ဒီရာသီမှာ လက်စတာအသင်း ပရီးမီးယားလိဂ်ပွဲစဉ် ၂၉ ပွဲ ကစားပြီးတဲ့အနက် ၂၈ ပွဲမှာ ပါဝင်ကစားခဲ့ပြီး ၃ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ တိုင်လီမန်းဟာ ဘယ်လ်ဂျီယံအသင်းကွင်းလယ်ပိုင်းမှာ ဒီဘရိုင်းနဲ့အတူ တွဲဖက်ပြီး ခြေစွမ်းပြနေသူပါ။

မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းက သူ့အပေါ် လွှမ်းမိုးမှုရှိတယ်လို့ တိုင်လီမန်းက ဆိုပါတယ်။ ” လက်ရှိ ဘောလုံးပွဲတွေမှာ အရမ်းကောင်းတဲ့ ကွင်းလယ်ကစားသမား အများကြီးပါ။ ကွင်းလယ်ကစားသမားအားလုံးဆီက ကောင်းတဲ့အချက်တွေကို ကျွန်တော် သင်ယူပါတယ်။ တခြားကစားသမားတွေကို ကြည့်ရင်း ကျွန်တော့်ကိုယ်ကျွန်တော် တိုးတက်အောင် ကြိုးစားပါတယ်။ လက်ရှိ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာတော့ ဒီဘရိုင်းက အကောင်းဆုံးကွင်းလယ်လူလို့ ကျွန်တော် ထင်ပါတယ်။ သူက အားလုံးထက် ထူးခြားပါတယ်။ သူက ပြီးပြည့်စုံတဲ့ ကွင်းလယ်လူပါ။ ကြံ့ခိုင်မှုအားကောင်းပြီး ပြေးအားလည်း ကောင်းတယ်။ နည်းစနစ်ပိုင်း ကျွမ်းကျင်မှုကလည်း သူ့အတွက် ထမင်းစား၊ ရေသောက်ပါပဲ။ နည်းဗျူဟာပိုင်းလည်း ကောင်းတယ်။ သူက လိုလေသေးမရှိသူပါ”လို့ တိုင်လီမန်းက ပြောပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top