ဘဲဂရိတ်မြို့ခံပြိုင်ဘက် ၂ သင်း ကစားတဲ့ ဆားဗီးယားဖလားပွဲမှာ ပရိသတ် ၂၅,၀၀၀ လာရောက်အားပေး

10-6-2020-yyl-046.jpg

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ဥရောပနိုင်ငံ အများစုမှာ ဘောလုံးပွဲတွေကို ကွင်းပိတ်ကစားနေရပေမဲ့ ပါတီဇန်ဘဲဂရိတ်က ရက်စတားဘဲဂရိတ်အသင်းကို အနိုင်ရခဲ့တဲ့ ဆားဗီးယားဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပရိသတ် ၂၅၀၀၀ လာရောက်ကြည့်ရှု အားပေးခဲ့ပါတယ်။ ဥရောပထိပ်တန်းလိဂ် ၅ ခုထဲမှာ ဒီရာသီ လီဂူး-၁ ပြိုင်ပွဲကို လုံးဝဖျက်သိမ်းလိုက်ပြီး ဘွန်ဒက်စ်လီဂါပြိုင်ပွဲတစ်ရပ်ပဲ ပြန်လည်စတင်နေသေးပေမဲ့ ဆားဗီးယားနိုင်ငံမှာတော့ မေလ ၂၉ ရက်က ဘောလုံးပွဲတွေ ကွင်းပိတ်စနစ်နဲ့ ပြန်လည်စတင်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ ပုံမှန်အတိုင်း ကစားခွင့်ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ကစားခဲ့တဲ့ ဘဲဂရိတ်မြို့ခံ ပြိုင်ဘက်အသင်း ၂ သင်းရဲ့ ပွဲစဉ်မှာ ပရိသတ် အရေအတွက် ကန့်သတ်ချက်မထားခဲ့လို့ ပရိသတ်တွေက ကွင်းအပြည့် လာရောက် အားပေးခဲ့ကြပါတယ်။ ဆားဗီးယားဖလား လက်ရှိချန်ပီယံ ပါတီဇန်ဘဲဂရိတ် အသင်းဟာ အခုပွဲစဉ်မှာ အနိုင်ရခဲ့လို့ ဆားဗီးယားဖလားကို ၅ နှစ်ဆက်တိုက် အောင်ပွဲခံနိုင်ဖို့ နီးစပ်လာခဲ့ပါပြီ။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top