ဒေါ်လာ ၅၀ ဘီလီယံတန်ဖိုးရှိ တရုတ်ကုန်စည်တွေကို အခွန်ကောက်မယ့် အမေရိကန်

E4LFTIRXQ4I6RLGVGXVMEMHFCQ.jpg

အမေရိကန် သမ္မတဒေါ်နယ်ထရမ့်ဟာ တရုတ်နိုင်ငံက တင်သွင်းတဲ့ ကုန်စည်တွေကို အခွန် တိုးမြှင့်ကောက်ဖို့ စီစဉ်နေကြောင်း အမေရိကန် အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောလိုက်ပါတယ်။ အမေရိကန်နိုင်ငံအနေနဲ့ ကုန်သွယ်ရေးတင်းမာမှုတွေရှိစေမယ့် လမ်းကိုရွေးချယ်ခဲ့မယ်ဆိုရင် တရုတ်နိုင်ငံက တုံပြန်ဖို့ အဆင့်သင့်ရှိနေတယ်လို့ တရုတ်ဘက်က သတိပေးထားချိန်မှာပဲ သမ္မတဒေါ်နယ်ထရမ့်က တရုတ်ကုန်ပစ္စည်းတွေကို အခွန်တိုးကောက်ဖို့ သတ်မှတ်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

အမေရိကန် သမ္မတဒေါ်နယ်ထရမ့်ဟာ အမေရိကန်နိုင်ငံအတွင်းကို တင်သွင်းတဲ့ တရုတ်ကုန်ပစ္စည်းတွေထဲက အမေရိကန်ဒေါ်လာ ၅၀ ဘီလီယံတန်ဖိုးရှိ တရုတ်ကုန်ပစ္စည်းတွေကို အခွန်ကောက်ဖို့ ပြန်သုံးသပ်နေတယ်လို့သိရပါတယ်။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စတီဗင် နူချင်က ဇွန်လ ၁၄ ရက်နေ့က အိမ်ဖြူတော် အစည်းဝေးအတွင်း အခွန်ကောက်ခံတာကို ဆန်ကျင့်ဖို့ တိုက်တွန်း မှုတွေရှိခဲ့ပါတယ်။

ဒါပေမယ့် အဲဒီတိုက်တွန်းချက်ဟာ အောင်မြင်ဖို့အလားလာနည်းတယ်လို့ အမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါတယ်။ အမေရိကန်အစိုးရအနေနဲ့ လက်ရှိအချိန်မှာ တရုတ်နိုင်ငံက ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေထဲက ဘယ်ကုန်စည်ကို အခွန်တိုးကောက်မယ်ဆိုတာကို မကြာခင် ကြေညာဖွယ်ရှိနေတယ်လို့ သိရပါတယ်။

အမေရိကန်အိမ်ဖြူတော်အနေနဲ့ အခွန်ကောက်မယ့် စာရင်းထွက်ပေါ်လာချိန်မှာ အခွန်ကောက်ရမယ့် အစီအစဉ်ကို အချိန်တိုအတွင်း လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံရဲ့ ထိပ်တန်းသံတမန် တစ်ဦးဖြစ်သလို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဝမ်ရီက တရုတ်နိုင်ငံအနေနဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အခွန်ကောက်ခံမှုတွေ လုပ်ခဲ့မယ်ဆိုရင် တုံပြန်နိုင်ဖို့ ပြင်ဆင်နေကြောင်း ပြောဆိုခဲ့ပါတယ်။

Ref: Reuters “Trump ready to impose tariffs on about $50 billion in Chinese goods: official”

Kaung Htet Ngwe (ရိုးရာလေး)

 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply