နှာမွန်းတာကို (၁၅) မိနစ်အတွင်း သက်သာသွားစေမယ့် နည်းလမ်းတွေ

yyl-010.jpg

နှာမွန်းတဲ့အခါတိုင်း ကသိကအောက်နိုင်တဲ့ခံစားချက်ကြီးကို ဖြစ်နိုင်ရင် မြန်မြန်ဖယ်ထုတ်ပစ်ချင်ကြမှာပါ။ အဲဒီခံစားချက်ကို ခဏခဏ နှာမွန်းတတ်တဲ့သူတိုင်းသိကြမှာပါ။ နှာမွန်းတဲ့အခါ အလျင်အမြန်သက်သာသွားစေမယ့် နည်းလမ်းလေးတွေရှိပါတယ်နော်။ စာဖတ်ပရိသတ်တွေ နှာမွန်းတဲ့အခါ ပြုလုပ်လို့ရအောင် (၁၅) မိနစ်အတွင်း သက်သာသွားစေမယ့်နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ရပါတယ်။

မျက်ခုံးမွေးနှစ်ခုကြား နေရာကို နှိပ်နယ်ပေးပါ

နှာမွန်းသလိုခံစားရပြီဆိုရင် မျက်ခုံးမွေးနှစ်ခုကြားနေရာကို ဖြည်းဖြည်းသာသာလေး (၁) မိနစ်လောက် နှိပ်နယ်ပေးပါ။ ဒီနှိပ်နယ်မှုက နှာမြှေးကို သွားသက်ရောက်စေပြီး နှာပိတ်တာတွေကိုလည်း သက်သာသွားစေပါတယ်။

နှာခေါင်းပေါက်နဲ့ ဆက်သွယ်ထားတဲ့ လေလမ်းကြောင်းကို နှိပ်နယ်ပေးပါ

သင့်လက်ညှိုး၊ လက်ခလယ်တို့နဲ့ သင့်နှာခေါင်းတစ်ဝှိက်ကို (၁-၂) မိနစ်လောက် စက်ဝိုင်းပုံစံနှိပ်နယ်ပေးပါ။ ဒီနည်းက နှာခေါင်းပိတ်နေတာ၊ နှာမွန်းတာတွေကို ပွင့်သွားစေပါတယ်။

နှာခေါင်းနဲ့ နှုတ်ခမ်းကြား နေရာကို နှိပ်နယ်ပေးပါ

အပေါ်နှုတ်ခမ်းနဲ့ နှာခေါင်းကြားက နေရာကို (၂-၃) မိနစ်လောက် ဖြည်းဖြည်းသာသာလေး နှိပ်နယ်ပေးပါ။ ဒီနည်းက နှာမွန်းတာကို သက်သာသွားအောင် ကူညီပေးနိုင်ပါတယ်။

နှာခေါင်းကို နွေးသွားအောင် လုပ်ပါ

ရေနွေးစိမ်ထားတဲ့အဝတ်စကို ယူပြီး သင့်နှာခေါင်းကို နွေးသွားအောင်လုပ်လိုက်ပါ။ အပူက နှာခေါင်းမှာ ခြောက်ပြီးပိတ်နေတဲ့နှာရည်ကို အရည်ဖြစ်သွားအောင် လုပ်ဆောင်ပေးပါလိမ့်မယ်။ နွေးသွားတဲ့အခါ နှာခေါင်းကို မှုတ်ထုတ်လိုက်ပါ။

နှာမွန်းသလိုခံစားရပြီဆိုရင် work out လုပ်ပါ

သင့်နှလုံးခုန်နှုန်းက သိသိသာသာတိုးလာပြီး ခန္ဓာကိုယ်နွေးလာရင် ဒါက သင့်နှာခေါင်းက နှာရည်အတွက် ကောင်းတဲ့သက်ရောက်မှုရှိပါတယ်။ နှာမပိတ်၊နှာမမွန်းတော့ဘဲ နှာရှုရတာပိုလွယ်ကူစေမှာပါ။ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းကို (၁၅) မိနစ်လောက်လုပ်ပေးတာက နှာမွန်းတာ၊ နှာပိတ်တာတွေကို သက်သာသွားစေနိုင်ပါတယ်။

Ref: How to Get Rid of Your Stuffy Nose in Just 15 Minutes

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top