တစ်နေ့ကို (၁၀) နာရီကျော် ဖုန်းအသုံးပြုခဲ့တဲ့အတွက် မျက်စိစွေသွားခဲ့တဲ့ကလေးလေး

chinese_kid_01.jpg

မျက်စိစွေသွားခဲ့တဲ့ကလေးလေး

စာဖတ်ပရိသတ်တွေ တစ်ချိန်လုံးဖုန်းကိုင်နေရင် အိမ်က အမေက “ဖုန်းပဲကိုင်နေတယ်” လို့ အဆူခံရတယ်မလား။ တကယ်တော့ အဲဒီလို အဆူခံရတာ ဖုန်းကိုင်တာများရင် မျက်လုံးတစ်ခုခုဖြစ်သွားမှာကို စိုးရိမ်လို့ပြောတာဖြစ်တဲ့အတွက် ဝမ်းသာရမှာပါ။ အခုဆို တရုတ်နိုင်ငံ၊ ဟဲပယ်မြို့က အသက် (၉) နှစ်အရွယ်ကလေးတစ်ယောက်က နွေရာသီကျောင်းပိတ်ရက်တွေမှာ ဖုန်းနဲ့မျက်လုံးကို စူပါကလူးနဲ့ကပ်ထားသလို အသုံးပြုခဲ့တဲ့အတွက် မျက်စိစွေသွားခဲ့ပါတယ်။

ကျောင်းသားတော်တော်များများက သူတို့ရဲ့အားလပ်ရက်တွေမှာ အပြင်ထွက်လည်တာ၊ အိမ်မှာ အနားယူတာတွေ လုပ်နေကြပေမဲ့ အဲဒီကလေးက တစ်နေ့ကို (၁၀) နာရီကျော် ဖုန်းအသုံးပြုခဲ့တယ်လို့ သူ့ရဲ့ဖခင်က ပြောပါတယ်။

သူက သူ့ဖခင်ရဲ့စကားကို နားမထောင်ဘဲ သူ့အဖေအိမ်မှာ မရှိတဲ့အခါတိုင်း ဖုန်းကို ခိုးသုံးခဲ့ပါတယ်။ နောက်ပိုင်း သူ့သား မျက်လုံးတစ်ခုခုဖြစ်နေတယ်လို့ သိရှိသွားတဲ့အချိန်မှာ သူ့ကို ဆရာဝန်ဆီ ခေါ်လာခဲ့ပါတယ်။ ဆရာဝန်တွေ ကလေးရဲ့မျက်လုံးကို စစ်ဆေးကြည့်တဲ့အခါ ကလေးက မျက်စိစွေလို့နေပါပြီ။

ဆရာဝန်ရဲ့ဆေးစစ်ချက်အရ သူ့ရဲ့မျက်လုံးက နဂိုအတိုင်း ပြန်ကောင်းမွန်လာမယ်ဆိုတာ မသေချာဘူးဖြစ်နေပါတယ်။ ဒေါက်တာဆု (Dr Su) ကတော့ ကလေးကို အနည်းဆုံး (၃) လကနေ (၆) လအထိ ဖုန်းမသုံးခိုင်းပါနဲ့လို့ အကြံပေးခဲ့ပြီး အဲဒါက တိုးတတ်မှုမရှိရင်တော့ ခွဲစိပ်ကုသမှုခံယူရမယ်လို့လည်း ပြောပါတယ်။

ဒေါက်တာဆုက ကလေးတွေရဲ့မျက်လုံးက အခုလိုအရွယ်မှာ သေချာပေါက် အားနည်းပါတယ်။ ကလေးတွေကို ငယ်ငယ်လေးကတည်းက အီလက်ထရွန်နစ်ပစ္စည်းနဲ့ ထိတွေ့စေတဲ့အတွက် သူတို့ရဲ့မျက်လုံးကို ဖုန်းစကရင်နဲ့ နီးကပ်စေပြီး မျက်စိမှုန်တာ၊ မျက်စိစွေတာတွေဖြစ်စေတယ်လို့ ဆိုပါတယ်။

မျက်စိစွေသွားခဲ့တဲ့ကလေးလေး

မျက်စိစွေသွားခဲ့တဲ့ကလေးလေး

မျက်လုံးထိခိုက်မှုတွေမဖြစ်အောင် စာဖတ်ပရိသတ်တွေကိုယ်တိုင်ကော ဖုန်းကို အလွန်အကျွံမသုံးဘဲ အချိန်သတ်မှတ်ပြီး အသုံးပြုသင့်သလို မိမိတို့ရဲ့ ကလေးတွေကိုပါ ငယ်ရွယ်သေးတဲ့အချိန်မှာ ဖုန်းအသုံးမပြုခိုင်းတာအကောင်းဆုံးဖြစ်မှာပါနော်…။

Ref: AsiaOne “Boy, 9, becomes cross-eyed after using mobile phone for up to 10 hours a day”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top