ဘာကြောင့် ထောပတ်သီး စားသင့်သလဲ

avocado-fruit-large.jpg

ထောပတ်သီးဟာ မြန်မာပြည်မှာ ပေါတဲ့ အသီးတစ်မျိုးထဲမှာ ပါဝင်ပါတယ်။ အနောက်တိုင်းမှာ ရှားပါးပြီး ဩစတေးလျနိုင်ငံမှာဆိုရင် တစ်လုံးကို ၅ ဒေါ်လာ အထိတောင် ဈေးတက်ဖူးပါတယ်။

ဒါပေမယ့် ထောပတ်သီးကို မြန်မာပြည်ရဲ့ အချို့နေရာမှာဆိုရင် လူမစားတော့ပဲ ဝက်တွေကို ကျွေးတဲ့အထိတောင် အသုံးပြုကြပါတယ်။ အဲ့ဒီကလေးတွေကျတော့ တရုတ်ပြည်ကလာတဲ့ Junk Food လေဖောင်းမုန့်ထုတ်တွေကို စားသုံးနေကြကြောင်း တွေ့မြင်သူများက ပြောပါတယ်။

ထောပတ်သီးရဲ့ ကျန်းမာရေး ကောင်းစေတဲ့အချက်တွေ

၁) ထောပတ်သီးဟာ ငှက်ပျောသီးထက်ပိုပြီးတော့ ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝ ပါတယ်။
၂) ထောပတ်သီး ဟာ ကင်ဆာရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့ အသီးတွေထဲက တစ်မျိုး ဖြစ်ပါတယ်။
၃) ထောပတ်သီး မှာ ဖိုက်ဘာဓာတ်များစွာ ပါဝင်ပြီး သူက ဝိတ်ကျစေခြင်း၊ သွေးချို ဆီးချို ဖြစ်ခြင်းတို့ကို ကာကွယ်ပေး ပါတယ်။
၄) ထောပတ်သီး မှာ ဗီတာမင် K, C, B, E အမျိုးမျိုး ပါဝင်ပါတယ်။
၅) ထောပတ်သီးဟာ ဒူးနာရောဂါ တစ်မျိုးနဲ့ နှလုံးနဲ့ ဆက်စပ် ရောဂါတို့ကို မဖြစ်စေအောင် ကာကွယ်ပေးပါတယ်။
၆) ထောပတ်သီးဟာ အခြားသော အစားအသောက်တွေမှာ ပါတဲ့ အာဟာရ ဓာတ်တွေကို ကောင်းကောင်း ဆုပ်ယူနိုင်စေပါတယ်။ ဒါကြောင့်မို့ ထောပတ်သီး ပုံမှန် စားသုံးသူတွေဟာ မစားသုံးသူများထက် အစာအဟာရများ ပိုမို ရရှိနိုင်ပါတယ်။

ထောပတ်သီးကို အနောက်တိုင်းမှာဟာဆိုရင် တန်ဖိုးထား အမြတ်တနိုး ထားပြီးတော့ စားသုံးကြ ပါတယ်။ ထောပတ်သီးကို အထူးသဖြင့် အသက် ငယ်တဲ့ ကလေးတွေကို ပိုပြီးတော့ ကျွေးကြ ပါတယ်။ နို့ဖြတ်စ ကလေးတွေကို ကျွေးခြင်း ဖြစ်ပါတယ်။ အသက် နှစ်နှစ်အောက်တွေကိုပါ။ သူတို့အရွယ်ကို ထောပတ်သီး ကျွေးခြင်းဖြင့် အဟာရဓာတ်များကို ပိုမို ရရှိစေပြီး ဦးနှောက်ဖွံ့ဖြိုးမှုကို အမြင့်ဆုံး ရောက်ရှိစေကြောင်း ဆိုပါတယ်။ ယင်းဟာ scientific ကျကျ ဖော်ထုတ်ထားတဲ့ တွေ့ရှိချက် ဖြစ်ပါတယ်။

ဒါကြောင့်မို့ မြန်မာပြည် နေရာအချို့မှာ ကလေးတွေဟာ လွယ်လွယ် သက်သက်သာသာ ရတဲ့ ထောပတ်သီးကို မစားပဲ တိရစ္ဆာန်များကို ကျွေးပြီး ကလေးတွေကျတော့ လေဖောင်းမုန့်ထုတ်များ စားနေခြင်းဟာ ဝမ်းနည်းစရာပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကလေးတွေကော လူကြီးတွေပါ မကျန် လွယ်လွယ်ကူကူ ရတဲ့ ထောပတ်သီးကို စားသုံးကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top