ကမ္ဘာ့ပထမဆုံး ရေအောက် လှိုဏ်ခေါင်း တည်ဆောက်တော့မယ့် နော်ဝေး

Norway-submerged-floating-bridge.jpg

နော်ဝေးကမ်းရိုးတန်းဟာ အရမ်းလှပပေမဲ့ ချောက်ကမ်းပါးတွေကြားက ကျဉ်းမြောင်းတဲ့ ဝင်ပေါက်လေးတွေကြောင့် တစ်နေရာကနေ တစ်နေရာသွားဖို့ ခရီးအရှည်ကြီး သွားနေရပါတယ်။ ဒါကို ဖြေရှင်းဖို့အတွက် နော်ဝေးပြည့်သူလမ်းများ အုပ်ချုပ်ရေးအဖွဲ့က ကမ္ဘာ့ပထမဆုံး ရေအောက်မှာ မျောနေမဲ့ လှိုဏ်ခေါင်းကို ဆောက်လုပ်ဖို့ စီစဉ်ခဲ့ပြီး ဒီလှိုဏ်ခေါင်းဟာ မီတာ ၃၀ ခန့် (၁၀၀ ပေ) အရှည်ရှိပါတယ်။

အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံ ကုန်ကျမဲ့ ဒီပရောဂျက်ကြောင့် ကမ်းရိုးတန်းတစ်လျှောက် ၂၁ နာရီ မောင်းနှင်ရမယ့်အစား ပင်လယ်ရေအောက်ကနေ ယာဉ်တွေ သွားလာနိုင်တော့မှာပါ။ လက်ရှိမှာ ခရစ်စရှန်ဆန်းကနေ ထရွန်ဟိမ်းမြို့အထိ လမ်းကြောင်းမှာ သင်္ဘော ဒါမှမဟုတ် လှေနဲ့ သွားရတဲ့လမ်းကြောင်း ခုနှစ်ခု ပါဝင်နေပါတယ်။ ရေလမ်းကြောင်းအများစုဟာ မိုင်ပေါင်းများစွာ ပါဝင်ပြီး ကျယ်ပြန့်တာကြောင့် ပုံမှန်တံတား တည်ဆောက်ဖို့က မဖြစ်နိုင်ပါဘူး။ ဒီ ရေအောက်လှိုဏ်ခေါင်းကတော့ ခရီးသွားလာရေးကို ၁၀ နာရီကျော်လောက် ပိုပြီး တိုတောင်းသွားစေမှာ ဖြစ်ပါတယ်။

၁၂၀၀ မီတာ (ပေ ၄၀၀၀) အရှည်ရှိတဲ့ ကွန်ကရစ်ပြွန်တွေနဲ့ ပုံစံကို စတင်ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီပြွန်တွေကို ရေမျက်နှာပြင်အောက် ၃၀ မီတာလောက်မှာ ချိတ်ဆွဲထားမှာဖြစ်ပြီး ဘေးဘောင်တွေနဲ့ တွယ်ဆက်ထားမှာ ဖြစ်ပါတယ်။ နော်ဝေးမှာ လက်ရှိအသုံးပြုနေတဲ့ ယာဉ်သွား လှိုဏ်ခေါင်းပေါင်း ၁၁၅၀ ခန့်ရှိပြီး ရေအောက်မှာတော့ ၃၅ ခု ရှိပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် ဒီအစီအစဉ်အသစ်ဟာ နော်ဝေးနိုင်ငံအတွက် အသစ်အဆန်းကြီးတော့လည်း မဟုတ်လှပါဘူး။

အခုတည်ဆောက်မဲ့ လှိုဏ်ခေါင်းကို ဒီရေ အတက်အကျနဲ့ ရာသီဥတု အအေးဒဏ်ကို ခံနိုင်ရည်ရှိအောင် ဒီဇိုင်းထုတ်ထားပါတယ်။ ဒါကြောင့် ရာသီဥတု အအေးဆုံးဖြစ်နေတဲ့အချိန် မုန်တိုင်းတိုက်နေတဲ့ အချိန်မှာတောင် ဒီ ရေအောက်လှိုဏ်ခေါင်းတွေကို သုံးနေတဲ့အချိန်ဆိုရင် အန္တရာယ် မရှိနိုင်ပါဘူး။ ဒီပရောဂျက်ကို ၂၀၃၅ မှာ အပြီးသတ်နိုင်ဖို့ စီစဉ်နေပြီး သဘာဝအလှအပကို မြတ်နိုးတဲ့သူတွေအတွက် ရှုခင်းတွေကို ထိန်းသိမ်းထားသလိုလည်း ဖြစ်စေမှာပါ။

Ref: www.rt.com “Norway to create world’s first floating underwater tunnel”

Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top