ဘာကြောင့် အမျိုးသမီးတွေအနေနဲ့ မနက်ခင်းတိုင်းမှာ သံပရာရည်ကို သောက်သုံးပေးသင့်တာလဲ

45951567_295968124587051_3923028307896958976_n.jpg

အမျိုးသားရော၊ အမျိုးသမီးရော မနက်ပိုင်းမှာ သံပရာသီးကို ရေနွေးနဲ့စိမ်ပြီး သောက်သုံးမယ်ဆို ခန္ဓာကိုယ်အတွင်း အဆီဓာတ်တွေ လျော့ကျပြီး အဆီပိုကင်းလို့ ကျန်မာ သွယ်လျ လှပစေမယ်ဆိုတာ အားလုံးသိပြီးသား ဖြစ်မှာပါ။ နောက်ထပ်လည်း အမျိုးသမီးတွေအနေနဲ့ မနက်ခင်းတိုင်းမှာ သံပရာသီးကို ရေနွေးနဲ့စိမ်ပြီး ဘာကြောင့် သောက်သုံးသင့်လဲ ဆိုတဲ့ အချက်တွေကို ထပ်မံ ဝေမျှပေးချင်ပါတယ်။

ဒီတိုင်း ပုံမှန် ဖျော်သောက်ပေးလို့လည်း ရပါတယ်။ လေ့လာကြည့်လိုက်ရအောင်ပါ။

အစာချေစနစ်ကို အားကောင်းစေတယ်

ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲဘူးဆိုတဲ့ စကားကို ကြားဖူးကြမှာပါ။ အစာချေစနစ် ကောင်းမွန်လာပြီး ဆီးဝမ်းသွေးလေ ညီညွှတ် မျှတမယ်ဆို သင့်ရဲ့ တစ်နေ့တာ စွမ်းဆောင်ရည်တွေကလည်း တိုးမြင့်လာပါလိမ့်မယ်။ သံပရာရည်ဟာ ကျွန်တော်တို့ခန္ဓာကိုယ် အစာချေစနစ်အတွက် လိုအပ်တဲ့ အရည်တစ်မျိုးနဲ့ ဆင်တူပြီး အစာချေ မလွယ်ခြင်း၊ ရင်ပူရင်ဆာဖြစ်ခြင်းနဲ့ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းတို့ကို တားဆီးပေးနိုင်ပါတယ်။

ကိုယ်ခံအားကို တိုးမြင့်ပေးတယ်

ဗီတာမင်စီဓာတ် ကြွယ်ဝစွာပါဝင်တဲ့ သံပရာရည်ဟာ သင့်ကို ကိုယ်ခံအား ကောင်းမွန်စေပြီး အအေးမိ၊ တုတ်ကွေးစတဲ့ ကူးစက်ရောဂါတွေ မဖြစ်အောင်လည်း တားဆီးပေးနိုင်ပါတယ်။ ဗီတာမင်စီဓာတ် တစ်မျိုးထဲမဟုတ်ပဲ တခြားသံဓာတ်နဲ့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်များစွာကိုလည်း သံပရာရည်က ကျွန်တော်တို့ စားသုံးမယ့် အစားအစာတွေဆီကနေ စုပ်ယူပေးနိုင်ပါတယ်။

ရေဓာတ်ပြည့်ဝစေတယ်

ရေဓာတ်ပြည့်ဝအောင်နေဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် နွေရာသီလို အချိန်မျိုးမှာပေါ့။ ရိုးရိုးရေကို သောက်သုံးတာ အကောင်းဆုံးဆိုပေမဲ့ လူတော်တော်များများကတော့ ရေသောက်ပျင်းကြပါတယ်။ ဒါကြောင့်မို့လို့ မနက်ခင်းကိုတော့ သံပရာရည်လေးတစ်ခွက်နဲ့ စတင်ပေးပါ။ တစ်နေ့လုံးလည်း ရေများများသောက်ပေးဖို့ မမေ့ပါနဲ့။

အသားအရေလှပစေတယ်

အမ်တီအောက်စီးဒန့်ဓာတ် ကြွယ်ဝစွာပါဝင်တဲ့ သံပရာဟာ သင့်ရဲ့ မူလ အသားအရေကို အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးမှု မဖြစ်အောင် ထိန်းသိမ်းပေးနိုင်ပါတယ်။ အသားအရေ ညစ်ညမ်းခြင်းနဲ့ အရွယ်တိုင်ခင် အိုမင်းရင့်ရော်ခြင်းတို့ မဖြစ်အောင်လည်း တားဆီးပေးနိုင်ပါတယ်။ မိန်းကလေးတွေ ပုံမှန်လေး သောက်သုံးပေးသင့်တယ်နော်။

အဆီဓာတ်ကို ထိန်းညှိပေးတယ်

ဒါကတော့ အားလုံး သိပြီးကြတဲ့အတိုင်းပါပဲ။ မနက်ခင်းတိုင်း သံပရာရည်ကိုသာ ပုံမှန် သောက်သုံးပေးမယ်ဆို ကိုယ်ခန္ဓာရဲ့ ဇီဝဖြစ်စဉ်တွေ တိုးမြင့်လာကာ အဆီပိုကင်းပြီး ကျန်းမာ သွယ်လျ လှပလာရုံသာမက ခန္ဓာကိုယ်အတွင်း အဆိပ်အတောက်တွေ ကင်းစင်လာပါလိမ့်မယ်။ နောက်ထပ် သံပရာရည်က သင့်ကို အဆာလည်းခံစေပါတယ်။

Ref: Pinterest “15 Reasons Why Every Woman Should Drink Lemon Water In Morning”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top