ပြဿနာကိုဖြေရှင်းတဲ့အခါ စိတ်ဖိစီးမှုတွေကို လျော့ချထားပါ

49052662_633664510382070_4046865623928537088_n.jpg

အလုပ်မှာ ပြဿနာတစ်စုံတစ်ရာတွေ့ကြုံလာလို့ စိတ်ညစ်နေတဲ့ သားကို အဖေဖြစ်သူက အခုလို အားပေးစကားပြောကြားနေပါတယ်။

” ငါ့သား မင်းအလုပ်မှာ အဆင်မပြေခဲ့ဘူးလား။ မင်းကိုကြည့်ရတာ အရမ်းစိတ်ညစ်နေတဲ့ပုံပဲ။ ငါ့သားဘာဖြစ်လာခဲ့တယ်ဆိုတာ မပြောပြခင် ငါ့သားရဲ့ ရင်ထဲကပူလောင်မှုတွေကို အဖေတတ်နိင်သလောက်လျော့ချပေးမယ်။ ကဲ…သား ဒီဆားဗူးထဲက ဆားလက်တစ်ဆုပ်ကို စားပွဲပေါ်မှာတင်ထားတဲ့ ဖန်ခွက်ထဲကိုထည့်လိုက်ပါသား။ ပြီးရင် ရေထည့်ပြီးမွှေလိုက်ပါ “

သားဖြစ်သူကလည်း သူ့အဖေရဲ့ ခိုင်းစေချက်အတိုင်း ဖန်ခွက်အလွတ်ထဲကို ရေနဲ့ဆားထည့်လိုက်ပြီး မွှေလိုက်ပါတယ်။ အဲဒီနောက် အဖေဖြစ်တဲ့သူက ” အိုကေ သားဖျော်ထားတဲ့ ဆားဖျော်ရည် ဘယ်လိုအရသာရှိမလဲဆိုတာ နည်းနည်းလောက် မြည်းစမ်းကြည့်လိုက်ပါဦး”

” ငန်ပါတယ် အဖေ” ဖြေလိုက်တဲ့အခါ အဖေဖြစ်သူက ခေါင်းတစ်ချက်ညိတ်လိုက်ပြီး ” ကဲ…လာ။ လေကောင်းလေသန့်လေးရအောင် ရေကန်လေးဆီကို လမ်းလျှောက်သွားရအောင်ကွာ။ ဆားဗူးလေးတော့ယူခဲ့ဦးနော် သား ” လို့ ပြောလိုက်ပါတယ်။

လူငယ်လေးကတော့ အဖေဖြစ်သူရဲ့ အပြုအမူတွေကို နားမလည်နိင်အောင်ဖြစ်နေပါတော့တယ်။ ကန်ဘောင်ပေါ်ရောက်တဲ့အခါမှာတော့ အဖေဖြစ်တဲ့က အခုလိုမျိုးပြောလိုက်ပါတယ်။
” ကဲသား ယူလာတဲ့ဆားပုလင်းထဲက ဆားလက်တစ်ဆုပ်စာလောက်ကို ရေကန်ထဲ ထည့်လိုက်ပါဦး” ကောင်လေးလည်း အဖေဖြစ်တဲ့သူပြောတဲ့အတိုင်း ဆားလက်တစ်ဆုတ်ကို ကန်ထဲပစ်ထည့်လိုက်ပါတယ်။

” ကန်ရေရဲ့အရသာ ဘယ်လိူမျိးပြောင်းလဲသွားမလားဆိုတာ မြည်းကြည့်ဦးကွ”

ကောင်လေးလည်း ကန်ရေအနည်းငယ်ကို လက်ခုပ်နဲ့ ခပ်လိုက်ပြီး သောက်ကြည့်လိုက်ပါတယ်။

” နဂိုအရသာပါပဲ အဖေ။ ထူးထူးခြားခြားပြောင်းလဲသွားတာ မရှိပါဘူး “

“ဆားအရသာကိုရော ခံစားမိလား သား”

” ဟင့်အင်း အဖေ။ မရပါဘူး “

အဲဒီအခါမှာတော့ အဖေဖြစ်တဲ့သူက ” ဒီမှာ ငါ့သား။ အဖေရော မင်းရော လူတွေအားလုံးက ပြဿနာဆိုတာ တွေ့ကြုံဖူးကြပါတယ်။ ပြဿနာဆိုတာ အခု အဖေ ဥပမာပြခဲ့တဲ့ ဆားလက်တစ်ဆုပ်လိုပါပဲ။ ဖန်ခွက်လေးထဲထည့်လိုက်မယ်ဆိုရင် ဆိုးရွားလှတဲ့အရသာဖြစ်သွားနိင်ပေမဲ့ ရေကန်တစ်ခုထဲကိုထည့်လိုက်မယ်ဆိုရင်တော့ ထူးထူးဆန်းဆန်းပြောင်းလဲသွားမှာမဟုတ်ပါဘူး။ အဖေဆိုလိုချင်တာက အခက်အခဲတွေ၊ ပြဿနာတွေဆိုတာ ဘယ်သူမှ မလိုချင်ကြပါဘူး။ ဒါပေမဲ့ တွေ့ကြုံလာတဲ့အခါမှာတော့ ဖြေရှင်းတတ်ဖို့ လိုအပ်ပါတယ်။ ဖြေရှင်းဖို့နည်းလမ်းကို ရှာမတွေ့ခင် ဖန်ခွက်ထဲဆားထည့်သလို ကိုယ့်စိတ်ကို ကိုယ်တိုင်ပိတ်လှောင်မထားပါနဲ့။ စိတ်ကိုပေါ့ပေါ့ပါးပါးထားပါ။ စိတ်ဖိစီးမှုတွေဖြစ်ပြီး ပြဿနာဖြေရှင်းဖို့ကြိုးစားမယ်ဆိုရင် ပြဿနာမပြေလည်ဘဲ အမှားတွေ ထပ်ပြီးဖြစ်ပေါ်လာနိင်တယ် သား။ ဒါကြောင့် ငါ့သားရဲ့ စိတ်ကို အတတ်နိင်ဆုံးလျော့ချထားပြီးမှ အကောင်းဆုံးဖြေရှင်းနည်းကို ရှာဖွေစေချင်တာပါ ” လို့ ပြောလိုက်ပါတယ်။

Ref: ” Be A Lake, Not A Glass “

Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top