ဆိုင်ယာနိုက်ထက် အဆ ၁၂၀၀ အဆိပ်ပိုပြင်းတဲ့ ငါးပူတင်း

11-7-2022-34.jpg

ငါးပူတင်း (Fugu or blowfish)ဟာ ကမ္ဘာ့အဆိပ်အပြင်းဆုံး ငါးတစ်မျိုးဖြစ်ပြီး ဆိုင်ယာနိုက်ထက် အဆ ၁၂၀၀ ပိုပြီး အဆိပ်ပြင်းပါတယ်။ ငါးပူတင်းတစ်ကောင်မှာ ငါးသားဥက အဆိပ်အပြင်းဆုံးဖြစ်ပြီး အရေခွံ၊ အသည်း၊ အူတွေမှာလည်း အဆိပ်ပါပါတယ်။ Tetrodotoxin အဆိပ်မိရင် ပါးစပ်တစ်ဝိုက် ထုံလာမှာဖြစ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတွေ လှုပ်ရှားမရဖြစ်ကာ အသက်ဆုံးရှုံးတတ်ပါတယ်။

ငါးပူတင်းတစ်ကောင်မှာ လူ ၃၀ သေစေနိုင်လောက်တဲ့ အဆိပ်ပမာဏ ပါဝင်ပြီး ငါးပူတင်းအဆိပ်မိရင် ဖြေဆေးလည်း မရှိပါဘူး။ နာရီဝက်အတွင်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ကုသမှု ခံယူမှသာ အသက်ဘေးက လွတ်မြောက်နိုင်ခြေ ရှိပါတယ်။


ဒါကြောင့် ဂျပန်နိုင်ငံမှာ ငါးပူတင်းဟင်းလျာ ချက်ပြုတ်ပြင်ဆင်မယ့် စားဖိုမှူးတွေဟာ ငါးပူတင်းကို လှီးဖြတ်ပြင်ဆင်ဖို့ ၄ နှစ်ကနေ ၆ နှစ်ကြား လေ့ကျင့်သင်ယူရပြီး ငါးပူတင်းချက်ပြုတ်ခွင့်လိုင်စင် လျှောက်ထားရပါတယ်။

ငါးပူတင်း ချက်ပြုတ်ခွင့်လိုင်စင်ရှိတဲ့ စားဖိုမှူးတွေဟာ တစ်နှစ်လုပ်ခ ဂျပန်ယန်း ၃ သန်းကနေ ၅ သန်းကြား (မြန်မာငွေ သန်း ၄၀ ကနေ သန်း ၇၀ ကြား) ရရှိပါတယ်။

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top