ဘေဘီလေးတွေကို အငိုတိတ်အောင်လုပ်ဖို့ဆိုရင်

yyl-23-027.jpg

ဘေဘီလေးတွေ ငိုနေရင် ဘယ်လိုအငိုတိတ်အောင် ဘယ်လိုဘယ်လိုချောမြူရမလဲ မသိဖြစ်နေလား။ ဘေဘီလေးတွေက အကြောင်းအရင်းမရှိဘဲနဲ့ကို ငိုတတ်ကြပါတယ်။ ဒါပေမဲ့ သေပေါက်၊ ချီးပါချတဲ့အခါမျိုးနဲ့ အိပ်ချင်တဲ့အခါမျိုးတွေမှာ ဘေဘီလေးတွေငိုတတ်ကြပါတယ်။ ကလေးတွေကို ချက်ချင်းအငိုတိတ်သွားအောင် လုပ်လို့ရတဲ့နည်းတွေရှိပါတယ်။ ဒီနည်းတွေကို ကလေးမိခင်တွေကော၊ ကလေးထိန်းနေရတဲ့သူတွေပါ အသုံးဝင်တယ်ဆိုတာကို ထောက်ခံကြမှာပါ။ ကလေးအငိုတိတ်အောင်လုပ်ဖို့ဆိုရင် ဒီနည်းတွေက ရိုးရိုးရှင်းရှင်းလေးပါပဲ။

သီချင်းဆိုပြပါ

မိဘတော်တော်များများက ဘေဘီလေးတွေကို အငိုတိတ်ဖို့အတွက် သူတို့အသံရဲ့အရေးကြီးမှုကို လျှော့တွက်ကြပါတယ်။ ဘာသီချင်းပဲဖြစ်ဖြစ်၊ သားချော့တေးပဲဖြစ်ဖြစ် သီဆိုပေးပါ။ သင်ကြိုက်နှစ်သက်ရင် ကဗျာလည်း ရွေးချယ်ဆိုပြလို့ရပါတယ်။ သင့်ကလေးက သင့်အသံနဲ့ အငိုတိတ်သွားပါလိမ့်မယ်။

ကလေးကို ရှေ့နောက်ဘယ်ညာလှုပ်ပြီး ချော့မြူပေးပါ

ငိုနေတဲ့ကလေးကို ပေါင်ကနေ ညင်ညင်သာသာလေးကိုင်ပြီး ရှေ့နောက်ဘယ်ညာလှုပ်ပေးပါ။ ကလေးကို ချော့မြူတဲ့အခါ ညင်သာဖို့အရေးကြီးပါတယ်။ ဒီလိုလှုပ်ပြီး ချော့မြူပေးတာက ကလေးကို အငိုတိတ်အောင် စွမ်းဆောင်ပေးနိုင်ပါတယ်။

သီချင်းအေးအေးလေး ဖွင့်ပေးပါ

သီချင်းအေးအေးလေးဖွင့်ပေးတာကလည်း ဘေဘီလေးတွေကို စိတ်အေးသွားစေပြီး အငိုတိတ်သွားစေမှာပါ။ သင့်လက်မောင်းမှာ ကလေးကို လှုပ်ပေးရင်းနဲ့ ကလေးကို အငိုတိတ်သွားအောင်လုပ်ပေးလို့လည်းရပါတယ်။

လမ်းလျှောက်ထွက်ပေးပါ

ကလေးကို တွန်းလှည်းမှာ ထည့်ပြီး သူ့စိတ်တွေအပြောင်းအလဲဖြစ်အောင် လမ်းလျှောက်ထွက်ပေးလို့ရပါတယ်။ ဘေဘီလေးတွေက ငယ်သလောက် အလွယ်တကူ ငြီးငွေ့သွားတတ်ပါတယ်။ ကလေးအရုပ်တွေနဲ့ ဘေဘီလေးတွေ စိတ်ဝင်စားအောင်၊ အပျင်းပြေအောင်လုပ်ပေးလို့ရပါတယ်။

Ref: Simple ways to calm down a crying baby

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top