အကျဉ်းကျနေစဉ် ပညာသင်ကြားခဲ့တဲ့ အကျဉ်းသား ၂၄ ယောက် ဘွဲ့ရပြီ

6.10.23-yyl-7.jpg

အကျဉ်းကျခံနေရစဉ် ပညာသင်ကြားရင်း ဘွဲ့ရခဲ့တဲ့ အကျဉ်းသား ၂၄ ယောက်အတွက် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား အကျဉ်းထောင်မှာ ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပခဲ့ပါတယ်။ ဆန်ဒီယေဂိုမြို့မှာရှိတဲ့ ရစ်ချက်ဂျေဒိုနိုဗန် ပြုပြင်ထိန်းသိမ်းရေးစခန်းမှ အကျဉ်းသားတွေဟာ လူမှုဗေဒနဲ့ ဘက်စုံဝိဇ္ဇာဘာသာရပ်တွေနဲ့ ဘွဲ့ယူခဲ့ကြတာပါ။

ထောင်ကျဖူးသူတစ်ယောက်ဟာ ၃ နှစ်အတွင်း လူ့အသိုင်းအဝိုင်းထဲ ပြန်လည်ဝင်ရောက်နိုင်ခြေထက် ထောင်ထဲ ပြန်ရောက်နိုင်ခြေ ၄၈ ရာခိုင်နှုန်း ပိုများတယ်လို့ NBC သတင်းဌာနက ကောက်ယူတဲ့ စစ်တမ်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် အလုပ်ရနိုင်ခြေ၊ ကျွမ်းကျင်မှုနဲ့ ဗဟုသုတ မြှင့်တင်ပေးနိုင်ရေး ရည်ရွယ်ကာ ကယ်လီဖိုးနီးယားပြည်နယ် ဥပဒေရေးရာဌာနက ဆောက်ဝက်စတန်းကောလိပ်နဲ့ ပူးပေါင်းကာ အကျဉ်းသားတွေ ပညာသင်ကြားနိုင်ရေးအစီအစဉ်ကို ဖော်ဆောင်ခဲ့တာပါ။ အခုချိန်အထိ အကျဉ်းသား ၁၅၀၀ ကို ပညာသင်ကြားခွင့် ပေးအပ်ခဲ့ပြီး လူ့အဖွဲ့အစည်းအတွင်း ပြန်လည်ဝင်ရောက်နိုင်ခြေကို မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။

Ref: 24 Prison Inmates Get College Degrees, Graduate Together Thanks to UC Program: ‘I literally feel free’

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top