တစ်နာရီ ၁၉၈ မိုင်နှုန်း မောင်းနိုင်တယ်ဆိုတဲ့ ထွန်စက်ပုံစံ ပြိုင်ကား

20.7.23-yyl-6.jpg

စိုက်ပျိုးရေးလုပ်ငန်းသုံး စက်ယန္တယားတွေ ထုတ်လုပ်တဲ့ ဘီလာရုစ်ကုမ္ပဏီက ထွန်စက် အစိတ်အပိုင်းတွေကို အသုံးပြုပြီး တစ်နာရီ ၁၉၈ မိုင်နှုန်းအထိ မောင်းနှင်နိုင်တယ်ဆိုတဲ့ ပြိုင်ကားကို ထုတ်လုပ်ခဲ့ပါတယ်။ ကုမ္ပဏီပေါင်း ၁၅၀ ပါဝင်ခင်းကျင်းပြသခဲ့တဲ့ Innoprom ပြပွဲမှာ Minsk Tractor Plant ကုမ္ပဏီရဲ့ ထွန်စက်ဒီဇိုင်း ပြိုင်ကားက စိတ်ဝင်စားမှု အများဆုံး ရရှိခဲ့တာပါ။

ပြပွဲကို လာရောက်ခဲ့တဲ့ ဘီလာရုဇ်ဝန်ကြီးချုပ်နဲ့ ရုရှားဝန်ကြီးချုပ်တို့က ဒီကားကို စမ်းသပ်မောင်းနှင်ကြည့်ဖို့ ဆန္ဒရှိခဲ့ပေမဲ့ ပြပွဲမှာ ခင်းကျင်းပြသထားတာက အမှန်တကယ် မောင်းနှင်လို့မရတဲ့ နမူနာပုံစံ ဖြစ်နေတာကြောင့် စမ်းသပ်မောင်းနှင်ခွင့်တော့ မရခဲ့ပါဘူး။

တချို့တွေကတော့ လူစိတ်ဝင်စားမှု ရရှိစေမယ့် မားကတ်တင်းအိုင်ဒီယာ တစ်ခုဖြစ်ပြီး အမှန်တကယ် မောင်းနှင်နိုင်တဲ့ ထွန်စက်ပြိုင်ကား တီထွင်ထားခြင်း မရှိဘူးလို့ စွပ်စွဲကြပါတယ်။ ဒါပေမဲ့ ပြပွဲကျင်းပရေးကုမ္ပဏီ ဒါရိုက်တာကတော့ ထွန်စက်ပြိုင်ကား အမှန်တကယ်ရှိပြီး တစ်နာရီ ၁၉၈ မိုင်နှုန်းအထိ မောင်းနှင်နိုင်တယ်လို့ ဆိုပါတယ်။

Ref: Belarussian Tractor Manufacturer Builds Tractor-Inspired Formula 1 Car

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply